ep - 36 ( Unicode )

13.3K 846 7
                                    

Ep - 36

မျက်လုံးတို့ကိုမဖွင့်မှီ နွေးထွေးလွန်းသည့်ခံစားချက်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ အလွန်အမင်းနှစ်မွေ့ဖွယ်ကောင်းနေသည်ကို သားသားဦးစွာခံစားလိုက်ရသည်။ အနည်းငယ်လေးလံနေသည့်မျက်ခွံတွေကို အသာပင့်ရင်း ခပ်မော့မော့စူးစမ်းကြည့်တော့ ဝင်းနှစ်နေသည့်ကိုကို့နှာခေါင်းဖျားချွန်ချွန်က သူ၏နှာခေါင်းလုံးလုံးလေးမှာ ထိစပ်လို့။

အာ!

အမှတ်တမဲ့နှင့် ခါးကိုလှုပ်မိတော့ နာကျင်ကျိန်းစပ်မှုက သေမတတ်ပင်။ထိုအခါ သားသားမျက်နှာလေးက ရှုံ့မဲ့သွားပြီး အလိုမကျသည့်နှုတ်ခမ်းပါးလေးက ရှေ့ကိုချွန်ထွက်လို့လာသည်။

" ဟွင့်....ကိုကို လူဆိုးကြီး  "

မကြားတကြားလေသံလေးနှင့်ပြောပြီး နွေးထွေးလွန်းသည့်ထိုရင်ခွင်မှာသာ ပြန်လည်တိုးဝင်ရင်း တစ်ဖန်အိပ်စက်ပစ်လိုက်မိသည်။

သား နောက်ထပ် ဘာကိုမှ မလိုအပ်တော့ပါဘူး ကိုကို~~
ကိုကိုသာ သားကို အခုလိုလေးပွေ့ဖက်ထားမယ်ဆိုလျှင်ပေါ့~~~

ဘယ်လိုကံကြမ္မာကိုပဲ ပိုင်ဆိုင်ရ ၊ ပိုင်ဆိုင်ရ ။
သားအနေနဲ့ ကျေနပ်စွာ လက်ခံလိုက်မှာပါ။
ကိုကိုနဲ့ပတ်သက်သမျှက သားအတွက်နောင်တဟူ၍မှမရှိနိုင်တာမို့ ~~~

✨✨✨✨✨✨✨✨✨✨✨✨✨✨

တစ်ပတ်လောက်အကြာတွင် အဖေတို့နယ်မှ ပြန်ရောက်လာခဲ့ကြသည်။ မျက်နှာတွေကတော့ မကောင်း။ သူတို့ရောက်သွားတဲ့နေ့ကပဲ ဒေါ်လေးကြည်ကြည်ဟာ ဆုံးသွားခဲ့တာတဲ့။ သူလည်း စိတ်မကောင်းဖြစ်မိပေမဲ့ ဘာမှမတတ်နိုင်တော့ ဝမ်းနည်းနေသည့်အမေ့ကိုသာ နှစ်သိမ့်ပေးမိသည်။ အမေက သူ့ယောင်းမလေးကို သိပ်ချစ်တဲ့သူလေ။

အမေတို့ပြန်လာလို့ ပျော်ရပေမဲ့ သူ့အနားမကပ်တော့သည့်ပေါက်စီလုံးလေးကြောင့် တစ်မျိုးစိတ်ညစ်ရပြန်သည်။ သူတို့အတူတူမအိပ်ရတာ ဘယ်လောက်ကြာပြီလဲ။ ၅ရက် ၊ ၆ ရက် ။ အတိအကျဆိုလျှင် အမေတို့ပြန်ရောက်ပြီးကတည်းကပင်။ အိမ်ကြီးဘက်မှာပဲ အချိန်ကုန်နေသည့်သားသား။ သူ့ကိုတောင် အရင်ကလောက်လာမချွဲတော့ဘူး။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now