ep-14 ( Unicode)

13.1K 1.1K 15
                                    

Ep-14

" မနက်ခင်းလေးအိပ်ရာနိုးရင် သူ့အပြုံးလေးနဲ့အတူ နိုးချင်...အလှဆုံးသောမင်းကိုငေးကြည့်ရင်း....အ့ "

မိုးပြာရောင်ဂီတာသစ်ကလေးကို ရင်ခွင်ပိုက်ရင်း သီချင်းဟောင်းလေးတစ်ပုဒ်အား အပင်အောက်မှာထိုင်ညည်းနေစဥ် ရုတ်တရက်ကိုင်ဆောင့်လိုက်ရသကဲ့သို့ လူခန္ဓာကိုယ်တစ်ခုလုံးဟာ မြောက်တက်သွားသည်။
လန့်လန့်ဖြန့်ဖြန့်ဖြင့် မျက်လုံးတွေကိုဖွင့်မိလိုက်မှ

" ဟူး....အိပ်မက်လား? "

ထိုအဖြစ်အပျက်ဟာ အိပ်မက်ဖြစ်ကြောင်း မြင်နေရသည့်မျက်နှာကြက်ပြာပြာက သက်သေပြသည်။

" ဟီး...ကိုကို ။ သားသားကြမ်းသွားတယ်ထင်တယ် "

သူ့ရင်ဘတ်ပေါ်မှ မှောက်ခုံလေး၏မျက်နှာစပ်ဖြဲဖြဲလေးကိုမြင်လိုက်ရချိန်မှာတော့ သူအားလုံးကို​နားလည်သွားခဲ့ပြီ။

" သားသားရာ "

လို့သာ ငြီးငြီးငြူငြူရွတ်ပြီး ပါးဖောင်းဖောင်းကြီးကိုသာ လက်တစ်ဖက်ဖြင့် အားရပါးရညှစ်ပစ်လိုက်မိတော့၏။

တစ်နေ့ထက်တစ်နေ့ လုံးကစ်လာသည့်ခန္ဓာကိုယ်က မနက်ခင်းတိုင်း သူ့ကိုနှိပ်စက်သည်။ပြီးရင် ဖြူသေးသေးသွားစွယ်လေးတွေပေါ်သည်အထိရယ်ပြပြီး ချော့သည်။သူ့ရဲ့မနက်ခင်းတိုင်းဟာ ငရဲလား နိဗ္ဗာန်လားတောင် သေချာမခွဲခြားနိုင်တော့။

သားသားဟာ သူ့အတွက်တော့ အိပ်မက်စားသူပဲ။လှပတဲ့အိပ်မက်ကလေးများကို ပဥ္စလက်ဆန်အောင်လှည့်စားတတ်တဲ့ သူလေးပေါ့။

" ကိုကို့ မေကြီးကပြောတယ် ။ သားသားကအရမ်းဆိုးတယ်တဲ့ ။ အဲ့ဒါ ဟုတ်လားဟင် "

သူ့ရင်ဘတ်ပေါ်မေးထောက်တင်ပြီး ကလေးလေးလိုလုပ်နေပါသော သားသားပေါက်စ။သူ ထိုမျက်နှာဖောင်းဖောင်းလေးကို အကြာကြီးငေးနေလိုက်သည်။အသားအရည်လှသောသားသားမှာ ဖြူဖွေးနေသာပါးဖောင်းဖောင်းကြီးတွေနှင့် အမြဲလိုနီရဲနေသောနှုတ်ခမ်းပါးလျလျလေးတွေက အထူးခြားဆုံးဆွဲဆောင်မှုပင်။

" သားသားက ဆိုးတာပေါ့ ။ ဒါပေမဲ့ ကိုကိုတို့က ချစ်တယ်လေ "

" ဟီး....သားသားဆိုးလည်း ကိုကိုကအမြဲချစ်ပေးမှာပေါ့နော် "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Onde histórias criam vida. Descubra agora