ep - 33 ( Unicode )

9.6K 800 7
                                    

Ep - 33

အပြန်တစ်လမ်းလုံး စကားတစ်လုံးမှမပြောဘဲ တွေတွေလေးငြိမ်နေသည့်သားသားကြောင့် ကားမောင်းနေသည့်သူ့မှာ စိတ်မဖြောင့်။ မကြီး သူ့ကိုဖုန်းဆက်ပြောပြီးကတည်းက သူ့စိတ်တွေလေးလံနေတာဖြစ်သည်။ သားသားဆီကိုတောင် ပြေးသွားပြီးထွေးပွေ့ထားချင်မိတဲ့အထိ။ သို့သော် သားသားလည်း အရွယ်ရောက်နေပါပြီမောင်လေးရဲ့ဆိုသော မကြီး၏ဖျောင်းဖျစကားကြောင့်သာ သူငြိမ်နေခဲ့လိုက်သည်။

သူ မကြီးကို နည်းနည်းတော့စိတ်ခုမိသည်။ ဘာလို့များ အဖေ့ကိုအသိပေးမယ်ဆိုတဲ့ဟာကို ပြောပြလိုက်သည်မသိ။ အလကားနေ ကလေးကိုစိတ်ညစ်အောင်။

" သားသား လိမ္မော်သီးစားမလား? "

သူ့အပြောကို ခေါင်းလေးညိတ်ပြီးသာအဖြေပေးသည် ။

" အဆိုးလေး ။ ဘာတွေ တွေးကြောက်နေတာလဲကွ ။ ကိုကိုတစ်ယောက်လုံး ရှိပါတယ်။ "

လက်တစ်ဖက်ဖြင့် ခေါင်းလုံးလုံးလေးကိုဆွဲဖွကာ ပြောလိုက်မှ သူ့ကိုလှည့်ကြည့်လာပြီး ပြုံးပြလာသည်။

" ဟုတ်တယ် ။ အဲ့လိုလေး ပြုံးနေစမ်းပါ ။ "

ပါးဖောင်းလေးတစ်ဖက်ကို အသာလေးဆွဲပြီးပြောတော့ ထပ်ပြီးကွေးညွတ်သွားသည့်နှုတ်ခမ်းပါးတွေ။ သူဆိုသည်မှာလည်း ထိုအပြုံးတွေနဲ့ ထိတွေ့မိလိုက်တိုင်း ရှေ့ဆက်ရမည့်မနက်ဖြန်တွေတိုင်းအတွက် ခွန်အားတွေပိုတိုးလာသလိုမျိုး ခံစားရသည်။ သားသားဟာ တကယ်တမ်းတော့ သူ့ရဲ့အနာဂတ်ကလေးသာဖြစ်၏။

✨✨✨✨✨✨✨✨✨✨✨✨✨✨

ရေမိုးချိုး ပြင်ဆင်ပြီးတာနှင့် သူတို့နှစ်ဦးလုံး ကားတစ်စီးဖြင့် အပြင်ထွက်ခဲ့ကြသည်။ သားသားကိုလည်း ပျော်ရွှင်ရအောင် ညစားအား အပြင်ထွက်စားမည်ဟုရည်ရွယ်ချက်ဖြင့်။

" ကိုကို့ ကားပတ်စီးရအောင်။ "

" ဟင် ။ ဘာဖြစ်လို့လဲ သားသား။ "

" ဟင့်အင် ။ ဒီအတိုင်း ပျော်ချင်လို့ ။ "

" ညစာအရင်မစားဘူးလား။ "

စားသောက်ဆိုင်သွားနေသည့်ကား၏ဦးတည်ရာကို သူဆက်ပြီးသွားရနိုးနိုးစဥ်းစားရင်း ကားအရှိန်ကိုလျှော့ချပစ်လိုက်သည်။ နံဘေးက တည်ငြိမ်နေသည့်သားသားကတော့ ထူးဆန်းစွာ ငြိမ်သက်နေခဲ့လျက်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now