Ep - 25
သူ အလုပ်ကပြန်လာချိန်မှာတော့ အိပ်ရာပေါ်ခွေခွေလေးလှဲနေသည့် သားသားကိုတွေ့ရသည်။အနားတိုးကပ်ပြီး နဖူးကိုစမ်းကြည့်လိုက်တော့လည်း ကိုယ်အပူချိန်ပုံမှန်အတိုင်းသာ။ညနေစောင်းရောက်တာတောင် အိပ်နေဆဲပဲမို့ ဖျားမှာလည်းကြောက်ရသည်။
" သားသား "
ပါးဖောင်းလေးတစ်ဖက်ကိုအသာပုတ်နှိုးတော့ အင့်အဲနှင့် မျက်လုံးလေးပွင့်ကာ သူ့အားမော့ကြည့်လာသည်။နားထင်စပ်လေးမှာတော့ မျက်ရည်ကြောင်းလေးများက စိုလို့။
သူ ခပ်မြန်မြန်ပဲ ထိုကိုယ်လုံးတုတ်တုတ်လေးကို ပွေ့ထူကာဖက်ထားလိုက်သည်။ဒီကလေး အိပ်မက်ဆိုးတွေမက်ပြန်ပြီးထင်သည်။
ခဏကြာတော့ သူ့ပခုံးတစ်ဖက်လုံးစိုရွှဲသွားတော့သည်။အဆိုးလေးကတော့ တအိအိရှိုက်ငိုနေတုန်းပင်။
" ကိုကိုရှိနေပြီလေ သားသားရဲ့။ တိတ်တော့နော်။အဲ့ဒီ့အိပ်မက်ဆိုးတွေ ထပ်မမက်တော့အောင် ကိုကိုကအခုလိုလေးဖက်ထားပေးမယ်။ အဲ့ဒါကြောင့် မငိုတော့နဲ့ တိတ်... တိတ် ကိုကို့ပေါက်စီလုံးလေးက လိမ္မာပါတယ် နော် "
တသိမ့်သိမ့်တုန်ခါနေသောကျောပြင်လေးကို ပွတ်သပ်ပြီးချော့တော့မှ ရှိုက်သံတွေဆဲသွားတော့သည်။ပြီးတော့ သူ့ခါးတွေကိုတင်းတင်းဖက်လာပြီး ဘာစကားမှမပြောဘဲ ငြိမ်နေလေရဲ့။
" ဖုန်းခ "
" ဗျာ ကိုကို "
အချိန်အတော်ကြာမှ သူခေါ်မိတော့ ချက်ချင်းပဲပြန်ထူးလာသည့် သားသား။အသံလေးများကတော့ ကွဲအက်လို့သာ။
" ရပြီလား။ ထပ်ပြီးငိုချင်နေသေးလား? "
ကိုယ်လုံးလေးကို သူ့ရင်ခွင်မှထုတ်ပြီး မျက်နှာချင်းဆိုင်မေးကြည့်မိသည်။ထို့နောက် ပါးပြင်နုနုပေါ်က မျက်ရည်စတချို့ကို လက်မဖြင့်ဖွဖွလေးသုတ်ပေးကာ အရည်လဲ့လဲ့လခြမ်းကွေးလေးများထဲ စူးစိုက်ကြည့်နေလိုက်သည်။
ပါးမို့မို့လေးများနှင့် နှာခေါင်းလုံးလေးထိပ်တို့မှာတော့ နီရဲနေပြီး အသည်းယားစရာကောင်းနေလေရဲ့။
ESTÁS LEYENDO
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)