Ep 16
မနက်ခင်းလင်းသည်နှင့် ကြားလိုက်ရသည့်စကားတစ်ခွန်းက သူ့ကိုအချိန်ကြာကြာဆွံ့အစေခဲ့သည်။
' သားသားက ဆယ်တန်းကို ဘော်ဒါဆောင်မှာနေမယ် ' တဲ့။
သူ့အတွက်တော့ ကမ္ဘာပြိုပျက်ခြင်းပါပဲ။
" ကိုကို "
ဒါန်းပေါ်တွင် ငြိမ်သက်တွေးတောနေသည့်သူ့အနားကို ရောက်ရှိလာသော ထိုအကောင်ပေါက်။မျက်နှာဖွေးဖွေးလေးဟာလည်း မို့အစ်လို့။
" ပြောလေ သားသား "
သူ လေသံအေးအေးဖြင့် ဆိုလိုက်တော့ မျက်နှာလေးက အနည်းငယ်မဲ့သွားသယောင်။ပြီးတော့ သူ့ရင်ခွင်ထဲကို ပြေးဝင်လာပြီး ငိုတော့သည်။
" အီး....ကိုကို့ကို ချစ်တယ် ။ ကိုကိုနဲ့ မခွဲချင်ဘူး "
" သားသားရယ်..."
သူ ဝမ်းနည်းစွာဖြင့် သားသား၏ကျောပြင်ငယ်လေးကိုသာ ခပ်ဖွဖွပွတ်သပ်ပေးနေမိသည်။သူထင်ထားသလို သားသားဟာ သူ့အပေါ် မစိမ်းသက်သွားခဲ့ပါ။သူလေးရဲ့ရင်ထဲမှာ အနည်းငယ်ထူးဆန်းသလိုခံစားနေခဲ့ရ၍သာ သူ့ကိုရှောင်နေခဲ့ခြင်း ဖြစ်လောက်မည်။သို့တည်းမဟုတ် သူ့ဘက်ကသာ အကြောက်လွန်ပြီး ပုန်းနေခဲ့သလိုဖြစ်သွားတာလေလား??
" ကိုကို့ကို သား ချစ်တယ်နော် ။ ကိုကိုနဲ့မခွဲချင်ဘူး။ ကိုကိုနဲ့အမြဲ အတူနေမှာ "
ရင်ခွင်ထဲကနေ ခေါင်းလေးမော့ပြီး နှုတ်ခမ်းလေးထော်ကာပြောနေသော သားသားလေးဟာ သူ့ကိုတကယ်ပဲမမုန်းခဲ့။သူ့မှာတော့ ဒီပုံစံလေးကိုမြင်မှပဲ ရင်ထဲကအစိုင်အခဲတွေ ပြေပျောက်ကုန်တော့သည်။တကယ်တော့ သူ့ဘက်ကသာ အစိုးရိမ်လွန်ပြီးကြောက်နေခဲ့တာ။သားသားကတော့ သူတွေးသလိုတွေးတောင် တွေးပါရဲ့လားမသိ။
" တကယ်နော် သားသား ။ ကိုကိုနဲ့ အမြဲအတူနေမှာဆိုတာ လိမ်တာမဟုတ်ဘူးနော် "
သူ့မေးစေ့အောက်က ဆံခွေကောက်ကောက်လေးတွေနဲ့နဖူးပြင်လေးကို အသာငုံ့မွှေးရင်း မေးတော့ မော့ကြည့်လာသည့်မျက်နှာဖောင်းဖောင်းလေးက ရွှင်ပြုံးစွာဖြင့် ရယ်ပြသည်။
YOU ARE READING
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)
