ep-5 ( Unicode)

16.4K 1.4K 10
                                    

ep-5

ကျောင်းဆင်းချိန်တွင် တဖွဲဖွဲကျလာသောမိုးစက်များကြောင့် သူ ကျစ်ခနဲစုတ်သပ်လိုက်ပြီး ကျောင်းစိမ်းပုဆိုးကို တိုတိုပြင်ဝတ်လိုက်သည်။ထီးကလည်း မေ့ခဲ့သည်မို့ စက်ဘီးရှိရာသို့ ခပ်သုတ်သုတ်ပြေးခဲ့သည်။
မိုးရွာထဲမှာရပ်စောင့်နေမယ့် သားသားကိုသတိရမိတော့ စိုးရိမ်စိတ်တို့ကလှိုက်ခနဲ။

သူမှားတာ။
ညနေစျေးကို သွားလည်ဖို့ သားသားကို သူမပြောမိရမှာ။
အဲ့တာဆို အကြိုလာတဲ့မကြီးနဲ့ သားသားကအိမ်ပြန်ရောက်လောက်ပြီ။

ဟူး....
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် သက်ပြင်းတစ်ချက်ကို လေးပင်စွာချလိုက်ပြီးစက်ဘီးခြေနင်းကိုသာ သွက်သွက်နင်းလိုက်သည်။

မိုးရေစိုနေတဲ့ သားသားကိုတော့ သူဒီအတိုင်း မမြင်ပါရစေတဲ့လား ဒေဝါအရှင်ရေ။
အဲ့ဒီ့အကောင်ပေါက်စနက မိုးရေနဲ့ဓာတ်မတည့်တတ်လို့.....

✨✨✨✨✨✨✨✨✨✨✨

မိုးရေထဲတွင် လက်ကလေးပိုက်ပြီး ကုပ်ကုပ်လေးရပ်နေသော ၆ နှစ်အရွယ်ကလေးလေး။ကျောင်းဝတ်စုံအဖြူအစိမ်းလေးမှာလည်း ကိုယ်မှာစိုကပ်ပြီး သေးဖျောက်ဖျောက်ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်ယင်နေရှာသည်။ပါးစပ်ကလည်း ' ကိုကိုရေ လာပါတော့ ' မကြာမကြာရေရွတ်လို့။

ခဏကြာတော့ အရှိန်ပြင်းပြင်းစီးနင်းနေသောစက်ဘီးလေး ထိုအနားမှာရပ်တန့်သွားသည်။

" သားသား ! "

" ဟင့်.... ကိုကို !"

စက်ဘီးလေးရပ်လျင်ရပ်ခြင်း ပြေးဝင်လာသောခန္ဓာကိုယ်လေးကို သူစိုးရိမ်စွာဖြင့် ပွေ့ဖက်ပေးလိုက်သည်။
အေးစက်သောရေစက်များကြား ခန္ဓာကိုယ်သေးသေးလေးမှာတော့ မီးကျီမီးခဲအလားပူကျစ်နေလျက်။

သူ့ရင်ခွင်ထဲပျော့ခွေသွားသော သားသား၏ကိုယ်လုံးလေးအား အသာပွေ့ပြီး စက်ဘီးတောင်မယူနိုင်ဘဲ အိမ်ကိုအပြေးပြန်လာခဲ့လိုက်သည်။

မိဘတွေရဲ့အဆူခံရမှာထက် ဒီကလေးလေးတစ်ခုခုဖြစ်သွားမှာ ပို၍စိုးပါသည်။
ကိုကိုမကောင်းတာပါ အကောင်ပေါက်စနလေးရယ်....
ကိုကို မင်းကို ဒီနေရာမှာမစောင့်ခိုင်းခဲ့သင့်ဘူး...

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now