ep - 34 ( Unicode )

10.3K 804 6
                                    

Ep - 34

" ဘာလို့လဲ? "

" ကိုကိုနဲ့သားကို ဘယ်သူမှမခွဲနိုင်​အောင်လို့။ "

လုံလောက်သောအကြောင်းပြချက်။ သို့သော် သူလက်မခံချင်ပါ။ သားသားကို အချိန်တွေအကြာကြီးထိ အသန့်စင်ဆုံးချစ်ပေးဖို့ ဆုံးဖြတ်ထားသည်ကြောင့် ဒီကိစ္စကို ငြင်းချင်ပါ၏။

" အဲ့ဒီအတွက် ကိုကိုတစ်ယောက်လုံး အနားမှာရှိနေတာပဲလေ ဖုန်းခ။ မလိုပါဘူး။ အခုလိုလုပ်ဖို့အထိ မလိုအပ်ဘဲလေ သားသားရဲ့။ ကိုကို့အသက်ရှင်နေသ၍ ကိုကိုနဲ့မင်းကို ဘယ်သူမှခွဲလို့မရဘူး။ အဲ့ဒါကြောင့်နဲ့တော့ ဒီလိုအပြုအမူမျိုးတွေ မလုပ်ပါနဲ့လားကွာ ။ ကိုကိုတကယ် စိတ်မကောင်းလို့ပါ။ နော်..."

ပေါင်ပေါ်တွင်ငြိမ်လို့နေသည့် ခပ်လုံးလုံးခန္ဓာကိုယ်လေးကို သူတင်းတင်းကျပ်ကျပ်လေးဖက်ထားမိရင်း ဆိုလိုက်သည်။
ရင်ထဲမှာလည်း တော်တော်လေးမကောင်း ။ ဒီကလေး အခုလောက်ထိစိုးရိမ်မှုလွန်ကဲနေပြီလား?

" သားသား ကိုကိုပြောတာ နားထောင်နေလား? "

အတော်ကြာသည်အထိ ဘာသံမှမကြားရသည်မို့ သူထပ်ပြီးမေးလိုက်သည်။သို့ပေမဲ့လည်း သူ့ခါးကိုသာကျစ်ကျစ်ဖက်ထားသည့်ကောင်လေးဟာ တိတ်ဆိတ်နေဆဲ။

" ဖုန်းခကို ကိုကိုပြောပြမယ် ထပ်ပြီးနားထောင် ။ ကိုကို အခုလိုငြင်းနေတာက ဖုန်းခကိုမချစ်လို့လည်းမဟုတ်သလို ၊ ကိုကို့ဆန္ဒမရှိလို့လည်းမဟုတ်ဘူး ။ ကိုကိုမင်းကို ချစ်လာခဲ့တာဟာ ဟိုးငယ်ငယ်လေးကတည်းက ။ အဲ့တော့ ကိုကို့အချစ်တွေက ၁၅၀၀ထက်လည်းပိုတယ် ။ ၅၂၈ထက်လည်း ကျော်လွန်တယ်။ ဒီတော့ ကိုကိုမင်းကို ချစ်တဲ့အချစ်က အခြားချစ်သူစုံတွဲတွေနဲ့မတူဘူး။ အများကြီးခြားနားတယ်။ သူတို့လိုလည်းချစ်နိုင်သလို သူတို့နဲ့မတူစွာလည်းချစ်ပေးနိုင်တယ် ။ အရှင်းဆုံးပြောပြရမယ်ဆိုရင်တော့ကွာ ။ မင်းနဲ့ကိုကိုနဲ့ sexတွေ ဘာတွေမဖြစ်ရလည်း ကိုကို့ဘက်ကအဆင်ပြေတယ်။ ကိုကိုနားလည်ထားတဲ့အချစ်က ဒီအတိုင်းထွေးပွေ့ထားရုံနဲ့တင်ပြည့်စုံတယ်။ ဘာမှ မလိုအပ်ဘူး ။ ဒါကြောင့် ကိုကိုနဲ့ခွဲရမှာကြောက်တဲ့စိတ်နဲ့ပဲ ဒီလိုအဓိပ္ပါယ်မဲ့လုပ်ရပ်မျိုး ထပ်ပြီးတော့မလုပ်တော့နဲ့ ။ နားလည်လား? "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Waar verhalen tot leven komen. Ontdek het nu