Chapter 2

6.1K 485 3
                                    

Unicode Font

2. ညစာ

မရင်းနှီးသော မျက်နှာအများကြီး၏အလယ်တွင် Pei Yingသည် ယောကျ်ားတစ်ယောက်ကို ချက်ချင်းရှာတွေ့ခဲ့သည်။

Chen Shengသည် သူမဆီ တိုက်ရိုက်ဆက်လိုက်သည်။ သူမဖုန်း၏မျက်နှာပြင်တွင် နာမည်ပေါ်လာတာကို မြင်ပြီးနောက် Pei Yingသည် သူမ၏ပါးစပ်ထဲသို့ ကျန်နေသောပေါင်မုန့်ကို သွတ်သွင်းကာ မြိုချလိုက်သည်။ သူမသည် ဆိုဖာပေါ်ထိုင်နေရင်းဖြင့် "GM Chen."

"အင်း Xiao Peiရေ အိုင်ဒေါအင်တာနက်ဒရာမာတစ်ခုတော့ ရှိတယ်. ဒါရိုက်တာCeng Feimingက ဒုတိယခေါင်းဆောင်မင်းသမီးလိုနေတယ်. သူတို့ အစတုန်းက Tao Taoကို သရုပ်ဆောင်စေချင်တယ်, ဒါပေမဲ့ သူမရဲ့အချိန်ဇယားနဲ့တိုက်နေတယ်. မင်း အဲ့ဒါ သရုပ်ဆောင်ချင်လား?"

သူမ မျက်ခုံးပင့်လိုက်သည်။ သူမ ထင်တာတော့ အချိန်ဇယားတိုက်တာမဟုတ်ဘဲ Tao Taoက ဒုတိယခေါင်းဆောင်မင်းသမီးနေရာ သရုပ်မဆောင်ချင်နေတာဖြစ်မယ်။ ပြီးတော့ သူမရဲ့လက်ရှိဒရာမာတွေက ကြည့်ရှုမှုနှုန်းမြင့်နေတာကြောင့်ရယ် သူမက အခုလက်ရှိ သူတို့ရဲ့ ကုမဏီမှာ အကျော်ကြားဆုံးအနုပညာရှင်ဖြစ်နေသာကြောင့်လည်းဖြစ်မယ်။ ဒါပေမဲ့ Pei Yingဘက်က ကြည့်ရင် အလုပ်က အမြဲသူမကို လာရွေးနေတာဖြစ်ပြီး သူမက အလုပ်ကို ရွေးတောင်မရွေးရပေ။ အဲ့ဒါကြောင့် သူမ ဖုန်းကို ကိုင်ထားရင်းနှင့် ခေါင်းညိတ်လိုက်ကာ "ကျွန်မလုပ်မယ်."

Chen Sheng ပြောလိုက်သည်။ "အဲ့ဒါဆို မင်းရဲ့အချက်အလက်တွေကို ထုတ်လုပ်ရေးအဖွဲ့ဆီ ပို့လိုက်မယ်. အခြားသတင်းတွေရှိရင် မင်းကို ပြောလိုက်မယ်. အဲ့ဒါက ဒုတိယခေါင်းဆောင်မင်းသမီးဖြစ်ပေမဲ့ ဒီတစ်ခါမှာတော့ သူမက ဇာတ်လိုက်မင်းသမီးရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တယ်. ပြီးတော့ ရင်းနှီးမြှုပ်နှံမှုကလဲ မင်းရဲ့အရင်ပရောဂျက်ထက် ပိုကြီးတယ်"

"ဟုတ်ကဲ့, ကျေးဇူးတင်ပါတယ်, GM Chen."

Chen Shengလည်း နှုတ်ဆက်စကားဆိုပြီးနောက် ဖုန်းချလိုက်သည်။

Pei Yingသည် သတင်းပြန်ကြားရန် အနည်းဆုံးတစ်ရက် သို့မဟုတ် နှစ်ရက်ကြာလိမ့်မည်ဟု ထင်ခဲ့သည်။ သူမ နောက်ထပ်ပေါင်မုန့်တစ်ပိုင်းတောင် စားလို့မပြီးခင်မှာ Chen Shengက သူမထံ စာပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပါ။ "ဒါရိုက်တာCeng အခု ထုတ်လုပ်ရေးအဖွဲ့ရယ် ရင်းနှီးမြှပ်နှံသူတွေနဲ့အတူ ညစာစားနေတယ် အဲ့ဒီကို သွားလိုက်."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now