Unicode Font
44.
'ကျေးဇူး Universeတီဗီ၊ ကျေးဇူး weibo။ ငါ့အမေနဲ့အဖေကိုလဲ ကျေးဇူးတင်တယ်လို့!'
စိတ်ကူးယဥ်ဆန်သော ညတစ်ညပြီးနောက် Pei Yingသည် နောက်တစ်နေ့ မွန်းတည့်ချိန်အထိ အိပ်ခဲ့သည်။
သူမ နိုးလာသောအခါ Song Nanchuanမှာ ထနေပြီးဖြစ်ကာ သူ့ကွန်ပျူတာကို အသုံးပြုနေသည်။ Pei Yingစိုက်ကြည့်နေသည်ကို သတိထားမိသွားသောအခါ သူသည် ထိုင်ခုံမှ ထလာခဲ့ပြီး သူမဆီ လျှောက်လာခဲ့သည်။ သူသည် ငုံ့ကာ သူမနဖူးပေါ် အနမ်းခြွေလိုက်သည်၊ "မင်း နိုးလာပြီးလား?"
"အင်း..." Pei Yingသည် ညင်သာစွာ ပြန်ဖြေလိုက်ပြီး သူမအသံတွင် အိပ်ချင်မူးတူးနေသော အရိပ်အငွေ့ရှိနေသည်။
Song Nanchuanသည် သူမကို ပြုံးပြလိုက်ကာ မေးလိုက်သည်၊ "မင်း ဗိုက်ဆာနေပြီးလား?"
"အင်း." Pei Yingသည် ဒီတစ်ခါတွင် တက်တက်ကြွကြွဖြင့် ပြန်ဖြေလိုက်သည်။
Song Nanchuanသည် သူမကို ထရပ်ခိုင်းလိုက်ပြီး သူ့အကြည့်များသည် သူမခန္ဓာကိုယ်ပေါ်က အမှတ်အသားများပေါ် ရောက်သွားသည်။ "ကိုယ် မနက်စာကို လာပို့ဖို့ ပြောထားပြီးပြီး. မင်း မျက်နှာသစ်ပြီးတာနဲ့ ရောက်လောက်ပြီး အဲ့အချိန် မင်း စားလို့ ရပြီး."
"ကောင်းပြီးလေ." Pei Yingသည် သူမကိုယ်သူမ စောင်နှင့် ပတ်လိုက်ပြီး ထထိုင်လိုက်သည်။ သူမသည် Song Nanchuanကို ကြည့်ကာ ပြောလိုက်သည်၊ "ကျွန်မကို အဝတ်အစားအချို့ ကူယူပေးပါဦး."
Song Nanchuan၏ အကြည့်များ သူမဆီ နောက်တစ်ဖန် ရောက်သွားပြန်တော့သည်။ မသိချင်ယောင်ဆောင်ကာ သူ မေးလိုက်သည်၊ "မင်း ဝတ်ထားပြီးပြီး မဟုတ်လား?"
"...ကျွန်မ ဒါ မဝတ်ချင်လို့ပေါ့. တစ်ခုခု ကူယူပေးဆို."
Song Nanchuan၏ မျက်လုံးတို့တွင် "ကိုယ် မင်းကို ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေ"ဟူသော ဖော်ပြချက်တို့ ဖော်ပြနေသည်။ သူသည် အဝတ်ဗီဒိုဆီ လျှောက်လိုက်ကာ ညအိပ်ဝတ်စုံတစ်စုံ ယူလိုက်သည်။
Pei Yingသည် နှုတ်ခမ်းစူလိုက်လေသည်။ ဟေ့ ငါ နည်းနည်းလေး ပေးပြီးတာနဲ့ အချိန်တိုင်း ငါ နာခံမယ်လို့ မဆိုလိုဘူးလေ၊ ဟုတ်ပြီးလား Mr Song?! မဟုတ်ဘူး အဲ့ဒါက ရက်စက်တဲ့ Songဖြစ်ရမှာ!
CITEȘTI
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
DragosteUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...