Chapter 36

2.8K 292 5
                                    

Unicode Font

36.

'ကိုယ့်ပိုက်ဆံတွေ မင်းအပေါ်မှာ မဖြုန်းဘူးဆိုရင် ကိုယ် ဘာလို့ ဒီလောက် ပိုက်ဆံအများကြီး ရှာနေရဦးမှာလဲ'

သူတို့သည် ရေကူးပြီးနောက် အထဲသို့ ပြန်ဝင်လာခဲ့ပြီး Song Nanchuanမှာတော့ Pei Yingကို ညနေ၅နာရီအထိ နှောင့်ယှက်နေသည်။

သူမသည် ရေချိုးလိုက်ပြီး အဝတ်အစားများ လဲလှယ်ပြီးနောက် ပြောလိုက်သည်၊ "ဗိုက်ဆာလိုက်တာ. Luosifen စားချင်လိုက်တာ."

Song Nanchuanသည် ပြတင်းပေါက်ဘေးတွင် ထိုင်နေသည်။ သူမ ပြောသည်ကို ကြားသောအခါ သူ့မျက်ခုံးတို့ အတူတကွ တွန့်ကွေးလာတော့သည်။ "ကိုယ် စားသောက်ဆိုင်ကနေ အစားအစာ မှာထားလိုက်မယ်လေ."

"မဟုတ်ဘူးလေ Luosifenပဲ စားချင်နေတာလေ."

"အခု ညနေ၅နာရီ ရှိပြီးကွာ. မင်း အခု စားရင် ညကျရင် မင်း ဗိုက်ပြန်ဆာလာမှာပေါ့." Song Nanchuanသည် လက်တွေ့ကျကျ ပြောလိုက်သည်။

Pei Yingသည် တစ်ခဏစဥ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်သားပဲ. ဒါဆို စားသောက်ဆိုင်ကိုပဲ ဖုန်းဆက်လိုက်တော့."

Song Nanchuan ပျော်ရွှင်မှု မခံစားပြီးခင်မှာပဲ Pei Yingသည် ဆက်ပြောလိုက်သည်၊ "ကျွန်မ Luosifenကို စားပြီးရင် တကယ့်ညစာကို စားမယ်လေ."

"..." Song Nanchuanသည် စကားတစ်ခွန်းမှ မဆိုဘဲ သူမကို ကြည့်လိုက်သည်။ "မင်း အဲ့လောက်ထိ စားရင် ဝလာမှာ မကြောက်ဘူးလား? မင်း ဝလာဖို့ ကျိန်ဆဲနေကြတဲ့ weiboက မှတ်ချက်အကုန်လုံးကို မတွေ့ဘူးလား?"

Pei Yingသည် စိုးရိမ်ပူပန်မှု မရှိစွာနဲ့ ပြန်ပြောလိုက်သည်။ သူမသည် အဝတ်အစားထဲမှ ဆံပင်ကို လှမ်းဆွဲလိုက်သည်။ "သူတို့ရဲ့ ကျိန်ဆဲစကားတွေက ကျွန်မကို ပြောနေကြရုံပဲဟာ ပြီးတော့ ကျွန်မကို ကျိန်ဆဲတဲ့ လူတွေလဲ မကြာခင် သူတို့ ကျိန်ဆဲတဲ့ အကျိုးဆက်ကို ခံရမှာပဲဟာ."

Song Nanchuan "..."

"ရှင် ဒီလိုတွေ ပြောနေတာ ကျွန်မ Luosifen မစားရအောင်မလား?" Pei Yingသည် သူ့ကို လှည့်ကြည့်လိုက်ပြီး သူမနှာခေါင်းရှုံ့လိုက်သည်။ "ဒီနေ့လယ်ခင်းမှာ ရှင် အဆင်ပြေသွားပြီးမလား? ကျွန်မရဲ့luosifen ကို အခုချက်ချင်း စားချင်တယ်လို့."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Onde histórias criam vida. Descubra agora