Chapter 38

2.5K 259 2
                                    

Sweet December to you all!!😍😍❤️❤️

Unicode Font

38. 

'Mr Pei၏ အားလပ်ရက်'

Pei Ying၏ စကားများသည် Pei Xiuranပါးစပ်ကို လုံးဝ ပိတ်နိုင်သွားသည်။

ထိုနောက်မှာတော့ ညစာစားပွဲလေးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူတို့ ညစာစားပြီးသွားသောအချိန်တွင် Pei Xiuranက Aမြို့တွင် လျှောက်လည်ချင်သေးကြောင်း ပြောသောကြောင့် Pei Yingမှာ ဒါရိုင်ဘာကို Starlightပန်းခြံသို့ ပို့ခိုင်းလိုက်သည်။ Song Nanchuanလည်း အတူ တွဲပါလာခဲ့သည်။

အပြင်ဘက်တွင် အလွန် ပူနေသည်။ Pei Yingမှာ အပြင်တွင် နေခြင်းကြောင့် အသားမညိုချင်သောကြောင့် သူမသည် Pei Xiuranကို သူ့ဟာသူ တစ်ယောက်တည်း လှည့်ပတ်သွားလာခိုင်းလိုက်သည်။ သူမနှင့် Song Nanchuanတို့သည် ကဖေးဆိုင်အထဲတွင် ထိုင်ကြပြီး အဲယားကွန်း ခံစားရင်း အချိုပွဲများကို စားကြသည်။

Song Nanchuanသည် သူမရှေ့က လီမွန်ဆိုဒါနှင့် ဂျယ်လီ၊ မလိုင်၊ ကြက်ဥအကာစသည်တို့ ပါဝင်သော လိမ္မော်ကိတ်တစ်ပိုင်းကို ကြည့်ကာ မျက်ခုံး ပင့်တင်လိုက်သည်။ "ကိုယ်တို့ နေ့လယ်စာ စားပြီးသွားတာတောင်မှ မင်း ဗိုက်ဆာနေတုန်းပဲလား?"

သူမသာ စားပွဲတွင် အများဆုံးစားနေသူဖြစ်သည်။ Pei Xiuranတောင်မှ သူမထက် အစားပိုနည်းသည်။

Pei Yingသည် လီမွန်ဆိုဒါကို တစ်ငုံ သောက်လိုက်ပြီး ကိတ်တစ်ဇွန်းကို ယူလိုက်သည်။ "အသားစားဖို့အတွက် အစာအိမ်ရှိသလို အချိုပွဲတွေ စားဖို့အတွက်လဲ အစာအိမ်သက်သက် ရှိတယ်ဆိုတာ ရှင် မသိဘူးလား?"

"...မင်းရဲ့ မှော်အစွမ်းကို ကိုယ် တကယ်နားမလည်တော့ဘူး." သို့ပေမဲ့ သူမ ပျော်နေသည်ကို တွေ့သောအခါ သူသည် ရေခဲမုန့်တစ်ခွက် မှာမိသွားပြန်သည်။

ရေခဲမုန့်တစ်ခွက်သည် အလွန် များပြားပြီး လူသုံးဦး စား၍ ရနိုင်သည်။ Pei Yingသည် တစ်ဇွန်းအပြည့် ခပ်လိုက်ပြီး သူ့ကို ကြည့်ကာ ပြောလိုက်၏၊ "တောင်းပန်ပါတယ်. ကျွန်မမောင်လေးပြောတာတွေကို သိပ် အာရုံမစိုက်ပါနဲ့နော်."

Song Nanchuanသည် တိုးတိုး ရယ်လိုက်သည်။ "စိတ်မပူပါနဲ့ မင်းမောင်လေးက ကိုယ့်အတွေးထဲမှာတောင် မရှိပါဘူးကွာ."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Où les histoires vivent. Découvrez maintenant