Chapter 59

2.2K 229 0
                                    

Unicode Font

59.

'Pei Ying တရုတ်နှစ်သစ်ကူးမှာ CEO Songကို အိမ်ပြန်ခေါ်လာခဲ့တယ်!'

တရုတ်နှစ်သစ်ကူး မရောက်ခင်လေးတွင် Song Nanchuanသည် သူ၏ မိသားစုအိမ်ထောင်စုစာရင်းကို ပြန်ယူရန် တစ်ခုတည်းနှင့် Cမြို့သို့ တိတ်တိတ်လေး ပြန်သွားခဲ့သည်။

သူ့မိဘများကို အကြောင်းမကြားဘဲ အရင်ယူပြီးမှ ပြန်သတင်းပို့မည်ဖြစ်သည်။ ဂျင်းက နဂိုတည်းက စပ်နေမယ်ဆိုတာ ဘယ်သူက သိနေမှာလဲ? [1] သူ အိမ်ပြန်ရောက်သောအခါ သူ့အဖေသည် သူ့ကို ဧည့်ခန်းထဲတွင် စောင့်နှင့်နေပြီးဖြစ်သည်။

Song Nanchuanသည် အနည်းငယ်အံ့သြသွားပေမဲ့ သူသည် အေးဆေးတည်ငြိမ်သော မျက်နှာ လုပ်ထားလိုက်သည်။ "အဖေ ဒီနေ့ အလုပ်မသွားဘူးလား?"

Mr Songသည် သူ့ကို စိုက်ကြည့်လိုက်ပြီး ပြက်ရည်ပြုလိုက်သည်။ "မင်းလဲ အလုပ်ကနေ ခွင့်ယူထားတယ်မလား?"

"ကျွန်တော် အဖေနဲ့အမေတို့ဆီ လာလည်တာပါဗျာ."

"ငါတို့ဆီ လာလည်တာ? ငါ့အမြင်အရ မင်း ဒါအတွက် ပြန်လာတာ မဟုတ်လား." Mr Song၏ညာလက်တွင် Song Nanchuan လိုချင်နေသော အိမ်ထောင်စုစာရင်းစာအုပ် ရှိနေသည်။

Song Nanchuan နှုတ်ခမ်းကိုက်လိုက်သည်။ သူသည် လျှောက်လာခဲ့ပြီး သူ့အဖေ၏ တစ်ဖက်မှ ဆိုဖာတွင် ထိုင်လိုက်သည်။ "အဖေ ဘာလိုချင်တာလဲ? ကျွန်တော့်ကို ဒီအတိုင်း ပြောလိုက်ပါ."

Mr Song ရယ်လိုက်သည်။ "CEO Songက ငါနဲ့ စီးပွားရေး လာလုပ်နေတာလား?"

Song Nanchuanသည် သူ့အဖေကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ မေးလိုက်သည်၊ "ကျွန်တော် ပြန်လာမယ်ဆိုတာ အဖေ ဘယ်လို သိတာလဲ?"
"မင်းကို ကျွေးမွေးထားတာ ဘယ်သူတွေလဲ? မင်း ဖင်ကနေ ချီးပါတာနဲ့ ဘယ်လိုချီးမျိုး ထွက်လာမလဲဆိုတာ ငါသိတယ်."
Song Nanchuan "...အဖေ့စကားတွေက ညစ်ညမ်းလိုက်တာဗျာ."

"ဟုတ်ပါတယ်. လူတိုင်းက မင်းလို တစ်မျိုးတစ်မည် မဖြစ်နေဘူးလေ ကျောက်ပုစွန် စားချင်တဲ့အချိန်တိုင်း New Yorkကို သွားရတယ်လို့."

Song Nanchuan "..."

သူ့အဖေက Pei Yingရဲ့ weiboပို့စ်တွေ ကြည့်ဖို့ လူတစ်ယောက်များ ငှားထားတာလား?

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Dove le storie prendono vita. Scoprilo ora