Chapter 22

3.3K 318 0
                                    

Unicode Font

22.

Song Nanchuanသည် ၂ရက်ကြာသောအခါ ထွက်ခွာရန် လုပ်ထားသည်။ သူ မသွားခင် တစ်ရက်အလိုတွင် Pei Yingနှင့် အတူတူ ညကို ကုန်ဆုံးခဲ့သည်။

မနက်ရောက်သောအခါ Pei Yingသည် သူ့ကို လေဆိပ်သို့ လိုက်ပို့ခဲ့သည်။ စောင့်ဆိုင်းခန်းတွင် Song Nanchuanသည် သူမကို အလေးအနက် သတိပေးခဲ့သည်။ "ကိုယ် မင်းဖုန်းမှာ နိုင်ငံတကာဖုန်း ခေါ်လို့ရအောင် လုပ်ထားပြီးပြီး. ကိုယ့်ဆီ နေ့တိုင်း ဖုန်းဆက်ဖို့ မမေ့နဲ့."

"အင်း. အကယ်လို့ ရှင် အလုပ်များနေရင်ရော?"

"မင်းဖုန်းကို ကိုင်လိုက်တာက ပိုပြီးတော့ အရေးကြီးတယ်."

Pei Yingမှာ မနေနိုင်တော့ဘဲ ကျယ်ကျယ်လောင်လောင် ရယ်မိသွားသည်။ "ဒီCEOက တော်တော်လေး ခေါင်းမာတာပဲ."

Song Nanchuanမှာ မျက်ခုံးမြင့်တက်သွားပြီး ဆက်ပြောလိုက်သည်၊ "ကိုယ့်ဆီ တစ်နေ့ သုံးကြိမ် ခေါ်ဖို့ မမေ့နဲ့နော်."

Pei Yingသည် မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်သည်။ "လေးကြိမ် ခေါ်လို့ မရဘူးလား?"

Song Nanchuanသည် ပြုံးလိုက်ပြီး သူမကို နမ်းလိုက်သည်။ "များလေ ပိုကောင်းလေပေါ့."

ထိုစုံတွဲတစ်တွဲမှာ ခွဲခွာရန် ဝန်လေးနေကြသည်...Xiao Zhangသည် ကိုယ့်ကိုကိုယ် အားတင်းလိုက်ပြီး သူတို့အပျော်ကို ဖျက်ဆီးလိုက်သည်။ "CEO Song လေယာဥ်ပေါ် တက်ဖို့ အချိန်ရောက်နေပါပြီး."

Song Nanchuanမှာ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သူသည် မခွဲခွာချင်နေပေမဲ့လည်း Pei Yingကို နောက်ဆုံးတော့ လက်လွှတ်လိုက်သည်။ "ကိုယ် သွားရတော့မယ်. ကိုယ့်ကိုကိုယ် ဂရုစိုက် ပြီးတော့ အချိန်မှန် ထမင်းစားဖို့လည်း မမေ့နဲ့."

Pei Yingမှာ ပြန်ပြောလိုက်သည်၊ "ရှင်လဲ ထမင်းစားဖို့ မမေ့နေနဲ့. အလုပ်များတယ်ဆိုပြီး အကုန်လုံးကို မေ့မသွားနဲ့."

Song Nanchuanသည် ပြုံးလိုက်သည်။ "ကိုယ့်ကို နေ့တိုင်း အလုပ်ရှုပ်အောင် လုပ်တဲ့အရာက မင်းကို လွမ်းနေတာပဲ."

Pei Ying, "..."

CEO Song ဒီနေ့ ပျားရည်များ တိတ်တိတ်လေး စားထားတာလား? သူ့စကားတွေက အရမ်း ချိုတာပဲ...

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Tempat cerita menjadi hidup. Temukan sekarang