Chapter 43

2.3K 271 0
                                    

Unicode Font

43. 

'ကိုယ် အလိုချင်ဆုံးက မင်းပဲဆိုတာ မင်းလဲ သိသားနဲ့.'

Ren Shanshan ထိုသို့ ပြောသည်ကို ကြားသောအခါ Pei Yingမှာ ရယ်မိသွားသည်။ "CEO Songက သူ့ဟာနဲ့သူ တက်ကြွနေတယ်ဟ."

Ren Shanshan "..."

သူမသည် Pei Ying အခု ပြောလိုက်သော ညစ်ပတ်သည့်မှတ်ချက်ကို သိနားလည်သွားရန် အချိန်တစ်ခဏလောက် ယူလိုက်ရသည်။ "နင့်မှာ ကောင်လေးရှိတော့ ပြောအားရှိတာပေါ့ ဒါမဲ့ နင် အဲ့လောက်ထိ ကြွားနေစရာ မလိုပါဘူး..."

"..." Pei Yingမှာ လျှာခလုတ်တိုက်ကာ ပြောရင်း မျက်နှာ နီမြန်းသွားသည်၊ "မ- မဟုတ်ရပါဘူးဟာ. ငါ ဒီအတိုင်း ဒီအတိုင်း ပြောလိုက်ရုံပါပဲ."

Ren Shanshan "..."

ဟုတ်ပါပြီး နင့်လူက အားအပြည့် ရှိပါတယ်၊ ငါ သိပါပြီး!

အဆုံးသတ်မှာတော့ Ren Shanshanသည် Pei Yingကို ထိုအကွဲအင်္ကျီကို ဝယ်အောင် သိမ်းသွင်းနိုင်သွားသည်။ သူမ အိမ်ပြန်ရောက်သောအခါ ရေချိုးခန်းထဲသွားကာ ဝတ်ကြည့်လိုက်သည်။ သို့သော် သူမ မှန်ထဲ ပြန်ကြည့်လိုက်သောအခါ သူမ၏ ရှက်စိတ်သည် သူမကို ထိုအင်္ကျီကို အမြန် လဲလှယ်လိုက်စေသည်။

ဘယ်လိုလုပ် ဒီလို ဆိုးရွားပြီး ရှက်ဖွယ်ကောင်းတဲ့ ညအိပ်ဝတ်စုံမျိုး ရှိနေရတာလဲ!

သူမသည် သာမန်ညအိပ်ဝတ်စုံကို လဲလှယ်လိုက်ပြီးနောက် အချိန်ကို ကြည့်လိုက်သည်။ ၆နာရီ ထိုးခါနီးပြီး။ Song Nanchuanက သူ လုပ်စရာအချို့ ရှိနေသေးသည်ဟု ပြောထား၍ သူ အိမ်ပြန်နောက်ကျနိုင်သည်။ သူ အလုပ်ကနေ ပြန်သောအချိန်တွင် သူ တစ်ယောက်ယောက်ကို ညစာ ပို့ခိုင်းလိုက်သည်၊ ဒါမှ သူ အိမ်ပြန်ရောက်သောအခါ နှစ်ယောက်တူတူ ထမင်း စားလို့ရအောင် ဖြစ်သည်။

ဒီလို အားလပ်ရက်မျိုး Pei Yingတွင် ရှိရန် နည်းပါးလွန်းသည်၊ ထို့ကြောင့် သူမသည် ကွန်ပျူတာရှေ့ထိုင်ကာ အင်တာနက် သုံးတော့သည်။ သူမ weiboထဲ ဝင်လိုက်သောအခါ ကိစ္စအများကြီး နောက်တစ်ခါ ဖြစ်ပေါ်နေသည်ကို တွေ့သွားသည်။

များစွာသော မီဒီယာနှင့် မာကတ်ကင်းအကောင့်များသည် "Xie Hanက Pei Yingကို လူရွေးပွဲကနေ တားဆီးဖို့ ကားမတော်တဆမှုကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့"ဟူသော ခေါင်းစဥ်ရှိသော သတင်းကို တင်ထားကြသည်။ ရှာဖွေမှုများကလည်း "Xie Hanက ကားမတော်တဆမှု ဖန်တီးခဲ့"တို့နှင့်သာ ပြည့်နှက်နေသည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora