Chapter 58

2.2K 232 4
                                    

Unicode Font

58. 

Pei Yingသည် သူမဘဝတွင် KaiHuangသို့ ဝင်ရန် ကမ်းလှမ်းခံရမည်ဟု မထင်ထားခဲ့ပါ။

KaiHuangသည် လက်ရှိအနုပညာနယ်ပယ်တွင် အကြီးမားဆုံးသော အနုပညာကုမ္ပဏီဖြစ်သည်။ သူတို့အောက်တွင် နာမည်ကြီးသော ကြယ်ပွင့်များစွာ ရှိပြီး ဧကရာဇ်Moလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ Mo Zhenမန်နေဂျာသည် Tang Qiangဖြစ်ပြီး သူသည် အနုပညာနယ်ပယ်တွင် အတော်လေးကို လူသိများသောသူဖြစ်သည်။ များစွာသောအနုပညာရှင်တို့က သူ့လက်အောက်တွင် ရှိနေချင်ကြသည်၊ သို့ပေမဲ့ သူသည် သူ့လက်အောက်တွင် မည်သူ့ကိုမှ မကိုင်တွယ်ခဲ့သည်မှာ အတော်လေးကြာပြီးဖြစ်သည်။

Pei Yingသည် တစ်ခဏ စဥ်းစားလိုက်သည်။ ထို့နောက် သူမ မေးလိုက်သည်၊ "Mr Tang ရှင်က ကျွန်မကို KaiHuangနဲ့ စာချုပ်ချုပ်စေချင်နေတာလား? ကျွန်မကြားတာတော့ ရှင် လူသစ်တွေကို မကိုင်တော့ဘူးတဲ့."

Tang Qiangသည် ပြန်ဖြေလိုက်သည်၊ "အဲ့ဒါတော့ အမှန်ပါပဲ၊ ဒါပေမဲ့ အရာရာတိုင်းမှာ ခြွင်းချက်ဆိုတာ ရှိတယ်. မင်း KaiHuangကို ဝင်ချင်ရင်တော့ ကျွန်တော် မင်းနဲ့ စာချုပ်ချုပ်ဖို့ကို ပိုလိုချင်ပါတယ်."

"အင်း...ကျွန်မ Scenic Studiosနဲ့ စာချုပ် ငါးနှစ်ချုပ်ထားတယ် ပြီးတော့ ကျွန်မမှာ နှစ်နှစ်လောက် ကျန်သေးတယ်."

"မင်း အဲ့အကြောင်း စိတ်ပူဖို့ မလိုပါဘူး. ကျွန်တော်တို့က မင်းကို ဖိတ်ခေါ်မှတော့ သေချာပေါက် စာချုပ်ချိုးဖောက်လို့ ပေးရမဲ့ ငွေတွေကို ပေးမှာပါ."

Pei Yingသည် ဖျော့ဖျော့လေး ပြုံးလိုက်ပြီး တစ်ခုခုကို စဥ်းစားနေသလို တိတ်ဆိတ်သွားသည်။

သူမအနီးက Song Nanchuanသည် Tang Qiangကို ကြည့်လိုက်သည်။ သူ မေးလိုက်သည်၊ "ဒါရိုက်တာTang ဒါက သူတစ်ပါးဟာကို မ တယ်လို့ ပြောလို့မရဘူးလား? ဒီအကြောင်း GM Chenရော သိလား?"

Tang Qiang ပြန်ဖြေလိုက်သည်၊ "CEO Song ခင်ဗျား ဒီလိုဆိုးရွားတဲ့စကားလုံး မသုံးပါနဲ့လား. ကျွန်တော် ဒီအတိုင်း Ms Peiအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းခင်းပေးနေတာပါဗျာ." သူ ပြောနေရင်း Pei Yingဘက်သို့ လှည့်လိုက်သည်။ "ကုမ္ပဏီအရွယ်အစားနဲ့ သရုပ်ဆောင်တွေရဲ့ အတွေ့အကြုံ နှစ်ခုလုံးအရ ပြောရရင် Scenicက KaiHuangရဲ့ ဟိုးနောက်မှာ ရှိတယ်. မင်း ကျွန်တော်တို့ကုမ္ပဏီမှာ ပိုပြီးတော့ မတောက်ပစရာ အကြောင်းမရှိဘူး. မင်း Scenicနဲ့ရှိတာ သုံးနှစ် ရှိပြီးပေမဲ့ Chen Shengက မင်းကို ဘယ်တော့မှ တန်ဖိုးမထားခဲ့ဘူး. ကျွန်တော်တို့ကတော့ မတူဘူး. KaiHuangက ရုပ်ရှင်ဧကရီ မရှိတာ ကြာပြီး ပြီးတော့ မင်းက အသင့်တော်ဆုံးလို့ ကျွန်တော် ထင်တယ်."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now