Chapter 27

2.7K 298 4
                                    

Unicode Font

27.

'လူတစ်ယောက် အခြားတစ်ယောက်ကို ဘယ်အတိုင်းအတာအထိ လွှမ်းမိုးနိုင်တာလဲ?'

တစ်ချိန်တည်းမှာပင် Pei Yingလည်း Ren Shanshanရဲ့ ကွန်ပျူတာကနေ Song Nanchuanနဲ့ သူမ ပြတ်သွားပြီးဆိုတဲ့ သတင်းကို တွေ့သွားသည်။

Ren Shanshanနှင့် တစ်ညလုံး အတူသောက်ပြီးနောက် မိန်းကလေးနှစ်ယောက်လုံးမှာ မနက်တွင် မထနိုင်ကြတော့ပေ။ Ren Shanshanသည် သူမကိုယ်သူမ ပြန်အားတင်းလိုက်ပြီး စတူဒီယိုသို့ သွားလိုက်တော့သည်၊ သို့သော် Pei Yingမှာ လုံးဝ မလှုပ်ချင်သောကြောင့် သူမသည် အိမ်မှာ နေပြီးတော့သာ လိုင်းသုံးနေလိုက်တော့သည်။

မထင်မှတ်ထားဘဲ Song Nanchuanနှင့်အတူ သူမသည် ထိပ်ဆုံးသတင်းသို့ ရောက်နေသည်ကို တွေ့သွားပြန်တော့သည်။

ထိုသတင်းထောက်များသည် မျက်မြင်သက်သေတစ်ယောက်ဆီမှ သက်သေနှင့်အတူ သူတို့ရဲ့ လမ်းခွဲသတင်းကို ရေးထားကြသည်။ သူမသည် ခေါင်းစဥ်ကို တွေ့သောအခါ မျက်မှောင်ကြုတ်သွားသည်။ Pei Yingနဲ့ Song Nanchuanတို့ တရားဝင် ပြတ်ရော ပြတ်သွားပြီးလား? သူတို့သည် လေလှိုင်းကနေသာ ပြောနေကြပြီး သူမတောင် အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ်တောင် မသေချာနေပါ။

Weiboမှ commentများသည် တော်တော်လေး အုတ်အော်သောင်းနင်းဖြစ်နေသည်။ မှတ်ချက်ရေးသူအများစု သည် ဒီသတင်းအပေါ် မြူးတူးပျော်ပါးနေကြပြီး ဒီလိုမျိုး မကြာခင် ပြတ်လိမ့်မယ်ဆိုတာ သူတို့ အစတည်းက သိကြောင်း ပြောနေကြသည်။ သူမကို အားပေးကာ နှစ်သိမ့်ပေးနေသော စာများကို ပို့ပေးသော အချို့သော ပရိတ်သတ်များလည်း ရှိသေးသည်။ ထို့ကြောင့် Pei Yingသည် နွေးထွေးမှုအနည်းငယ် ခံစားနေမိသည်။

သူမသည် Weiboပေါ်မှာ ဘာကိုမှ မတုံ့ပြန်ခဲ့ပါ။ ထိုအစား သူမသည် မနက်စာ စားရန် သွားလိုက်ပြီး သူမ ပြန်လာသောအခါ ထိုသတင်းတစ်ခုလုံးမှာ ပျက်သွားပြီးဖြစ်သည်။

Song Nanchuanများ လုပ်လိုက်တာလား? သူမသည် Weiboမှ မထွက်ခင် ခဏစဥ်းစားလိုက်ပြီး ကွန်ပျူတာကို ပိတ်လိုက်တော့သည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Dove le storie prendono vita. Scoprilo ora