Chapter 41

2.3K 276 0
                                    

Unicode Font

41.

'အခုချိန်ကစပြီး မင်းတို့က Zhou Yueပဲ.'

Pei Yingလက်ထောက်နှင့် ဘော်ဒီဂတ်များထဲမှ တစ်ယောက်သည် ထိုမတော်တဆဖြစ်ရပ်တွင် ရဲကို စောင့်ဆိုင်းရန် ကျန်နေခဲ့ပြီး အခြားတစ်ယောက်မှာတော့ သူမကို လူရွေးပွဲနေရာသို့ ပို့ဆောင်ပေးခဲ့သည်။

ကားစီးနေသည့်အချိန်တွင် Pei Yingသည် သူမဒဏ်ရာများကို ဂရုစိုက်လိုက်သည်။ သူမသည် ကားမတော်တဆ ဘာကြောင့် သူမဆီ ဖြစ်လာခဲ့သည်ကို စဥ်းစားနေရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ထိုကားက သူတို့ကို သိသာထင်ရှားစွာ တဟုန်ထိုးတိုက်ခဲ့ပေမဲ့ သူမ မည်သူနှင့်မှ ရန်လိုမှု မရှိနေပါ။ သူမနဲ့ အတိတ် ရှိခဲ့ဖူးတဲ့သူဆိုလို့ သူမ တွေးမိသော တစ်ဦးတည်းသော သူမှာ Xie Hanသာဖြစ်သည်။

တစ်စုံတစ်ခုကို သတိရသွားပြီး သူမသည် ဖတ်ရန်The Performerကော်ပီစာအုပ်ကို လှန်ဖွင့်လိုက်သည်။

လူရွေးပွဲမှာ မကြာခင် စတင်တော့မည်ဖြစ်သည်။ သူမ စိတ်ပျံ့လွင့်နေလို့ မဖြစ်ဘူး။ ဘာကိစ္စပဲရှိရှိ လူရွေးပွဲပြီးသည့်အထိ စောင့်ဆိုင်းပြီးမှ လုပ်ဆောင်ရမည်။

သူမ အနည်းငယ် နောက်ကျသွားပေမဲ့လည်း လူရွေးပွဲကို အချိန်မှီ ရောက်လာခဲ့သည်။ အခြားသော မင်းသမီးများ ရောက်ရှိနေပြီးဖြစ်သလို Song Nanchuanပြောသည့်အတိုင်း Li Sisiနှင့် Ni Baiတို့လည်း ရှိနေကြသည်။

Xie Hanလည်း ရှိနေသည်။

သူမအကြည့်တို့ Pei Yingနှင့် ဆုံပြီးနောက် သူမသည် ချက်ချင်း လက်ထဲက ဖုန်းကို ငုံ့ကြည့်လိုက်တော့သည်။ သူမသံသယက မှန်နေကြောင်း ခံစားမိရင်း Pei Ying၏ မျက်လုံးတို့ ခဏ တုန်လှုပ်သွားသည်။

ကားမတော်တဆမှုက လူ့အသက်ကို နှုတ်ဖို့ မဟုတ်ဘူး။ အဲ့ဒါက ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီး သူမ အရောက်နောက်ကျလာရန်ကို ရည်ရွယ်ခြင်းဖြစ်သည်။

"Ms Pei ရောက်လာခဲ့ပြီး." သူသည် Pei Yingကို တွေ့သောအခါ Universe၏ စီစဥ်သူသည် သူမဆီ လျှောက်လာခဲ့သည်။ "လူရွေးပွဲက နောက်နာရီဝက်မှာ စတင်တော့မယ်. မင်းမိတ်ကပ်နဲ့ အဝတ်အစား လဲဖို့ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora