Chapter 4

4.3K 433 0
                                    


Unicode Font

 4.  ဖြတ်လျှောက်ခန်း

ပြုံးတာကို ကြိုက်တဲ့ မိန်းကလေးတွေက ဒီလို ဆိုးရွားတဲ့ကံ မရှိသင့်ဘူး။

Tang Feifeiဇာတ်ကောင်နေရာ မရရှိခဲ့သောကြောင့် Pei Yingသည် အလုပ် ဘာမှ မရှိဘဲနဲ့ သီတင်းတစ်ပတ်ကုန်ဆုံးသွားလေသည်။ ထိုနေ့တွင် သူမသည် လုပ်ရိုးလုပ်စဥ်ဖြစ်သော အဝတ်အစားအသစ်များကို ဓာတ်ပုံရိုက်ရန်အတွက် Ren Shanshan၏စတူဒီယိုတွင် ရှိနေခဲ့သည်။ သူတို့သည် ပီဇာတစ်ချပ်မှာလိုက်ကာ ပြတင်းပေါက်ဘေးနားတွင် ထိုင်ကြရင်း စားနေသည်။ "အင်း..." Pei Yingသည် ပီဇာတစ်ကိုက် ကိုက်လိုက်ကာ ချိစ်ကို အရှည်ကြီး ဆွဲဆန့်နေသည်။ "ငါ ဒီပီဇာကို နှစ်ပေါင်းတစ်ရာလောက်ကြာအောင် စားနိုင်တယ်. ဘယ်တော့မှ မငြီးငွေ့ဘူး."

Ren Shanshanသည် သူမကို ငေးကြည့်လိုက်ကာ သူ၏ ကိုလာကို ယူလိုက်သည်။ "နင် ဒီတစ်နှစ်လုံး အလုပ်သစ်တောင် သိပ်မရဘူး အဲ့ဒါတောင် နင့်မှာ အပူအပင် မရှိနေတုန်းပဲ. ငါ အံ့သြလိုက်တာနော်."

Pei Yingသည် သိပ်စိုးရိမ်ခြင်းမရှိဘဲနဲ့ ပခုံးတွန့်လိုက်သည်။ "အကယ်လို့ ငါ အလုပ်မရလို့ ဝမ်းနည်းနေရင်တောင် အလုပ်သစ်တစ်ခုက ငါ့မျက်စိရှေ့ ပေါ်လာတာမှ မဟုတ်တာ."

"နင် တကယ်ပဲ လေးလေးနက်နက်လေး ထားပါဦး" Ren Shanshanသည် သူမ၏သူငယ်ချင်းအပေါ် အနည်းငယ်စိတ်တိုနေသည်။ "CEO Zhuအကြောင်း ထားပါ. ဒါပေမဲ့ Song Nanchuanလို ကောင်းတဲ့ယောကျ်ားကိုတောင် နင် လက်လွတ်ခံရဲတယ်နော်. နင်နဲ့ ဆား သိပ်ထားတဲ့ငါး[1]နဲ့ ဘာကွာနေသေးလဲ?"

Pei Ying, "..."

သူမမှာလည်း အိပ်မက်တွေ ရှိပါတယ်နော်။

"ဟူး..." Ren Shanshanသည် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ "အခု နွေဦး ရောက်နေပြီး. လမ်းပေါ်က ကြောင်လေးတွေမှာတောင် အဖော်ရှိတယ်. နင်တစ်ယောက်ပဲ အဖော်မဲ့ခွေး[2] ဖြစ်နေတာ."

"...အဲ့လိုပြောတော့ နင်ကျ ထူးခြားနေတယ်ပေါ့."

"ဒါပေါ့. ငါ တစ်ယောက်ယောက်နဲ့ ဒိတ်လုပ်နေတယ်."

Pei Yingသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒိတ်လုပ်နေတယ်? အဲ့ဒါက တစ်ညတာအဖော်လိုမျိုးပဲဖြစ်မယ်.

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Onde histórias criam vida. Descubra agora