Chapter 48

2.2K 252 5
                                    

Unicode Font

48. 

'မင်း ဒီလောက်နဲ့ပဲ ကိုယ့်ကို ကျေနပ်ခိုင်းတာလား? အနည်းဆုံး အဲ့ဒါတော့ ရှိသင့်တယ်ပေါ့...'

နောက်တစ်နေ့ မိုးတောင် သိပ်မလင်းသေးဘဲ Pei Yingသည် သူမနှိုးစက်ကြောင့် နိုးသွားသည်။ သူမ အိပ်ရာကနေ အမြန် ခုန်ထွက်လိုက်ပြီး မျက်နှာသွားသစ်လိုက်သည်။ Song Nanchuanသည် သူမ လောနေသည်ကို ကြည့်နေရင်း မျက်မှောင်ကြုံ့သွားသည်။ သူ ထုတ်လုပ်ရေးအဖွဲ့နဲ့ စကားပြောသင့်သလားလို့တောင် တွေးနေပြီးဖြစ်သည်။

Pei Yingတွင် မနက်စာ စားရန်အချိန်တောင် မရှိနေပါ။ သူမသည် ပေါင်မုန့်တစ်ပိုင်းကို ယူလိုက်ပြီး သူမလက်ထောက်ကားဆီသို့ ပြေးသွားတော့သည်။ သူမ ကားစီးနေသည့်အချိန် ခဏ အိပ်လိုက်သည်။ ထို့နောက် သူမ ဖောင်ဒေးရှင်းအချို့ လိမ်းလိုက်ပြီး သူတို့ ရိုက်ကွင်းနေရာသို့ ရောက်ရှိသွားတော့သည်။

ကောင်းကင်တွင် အလင်းရောင်နည်းနည်းလေးသာ ရှိနေပေမဲ့ ရိုက်ကူးရေးအဖွဲ့ကတော့ ကြိုတင်ပြင်ဆင်မှုနှ-င့် အလုပ်ရှုပ်နေကြပြီးဖြစ်သည်။ Pei Ying မိတ်ကပ်လိမ်းလိုက်ပြီးနောက် သူမသည် ဇာတ်ညွှန်းစာအုပ်ကို ယူလိုက်သည်။ ဒီနေ့မှာလည်း သူမ Mo Zhenနှင့်အတူ ရိုက်ကူးရမည့်အခန်းပေါင်းများစွာ ရှိသည်။ သူမ ယမန်နေ့တုန်းကလို အဆူမခံချင်တော့ဘူးဖြစ်သည်။

Pei Yingမှာ စာသားများကို အလွတ်ရနေပြီးဖြစ်သည်။ သူမ Mo Zhenနှင့် တွဲသရုပ်ဆောင်သောအခါ သူမ ပြောဆိုပြုမူပုံ တွန့်သွားမည်ကို ကြောက်နေခြင်းဖြစ်သည်။ Mo Zhenရောက်လာသောအခါ သူမသည် အရေထူထူဖြင့် သူ့ကို သူမနှင့်အတူ လေ့ကျင့်ပေးရန် သွားမေးလိုက်သည်။ ထောင်လွှားခြင်းမရှိဘဲနဲ့ သူ လက်ခံလေသည်။

သူတို့၏ ရီဟာဆယ်ကို ချောချောမွေ့မွေ့ပြီးဆုံးသွားသည်ဟု ဆို၍ ရနိုင်သည်။ Mo Zhenက သူမကို အချို့သော အကြံဉာဏ်တောင် ပေးလိုက်သေးသည်။ သူမ Mo Zhenနှင့် စကားပြောဆိုပြီးနောက် သူမ နေရာတိုင်း သယ်သွားလေ့ရှိသော မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး သူ့အကြံပြုချက်များကို ရေးချလိုက်သည်။

Mo Zhenသည် သူမမှတ်စုစာအုပ်ကို စိုက်ကြည့်လိုက်သည်။ "မင်း ဒီလိုဟာတွေ ရေးမှတ်ထားတယ်?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now