Chapter 46

2.3K 275 10
                                    

Unicode Font

46.

'(The Performerရိုက်ကူးရေး စတင်ခြင်း)'

Pei Yingသည် အသံသွင်းထားသည်ကို နားထောင်နေသည့်အချိန်တွင် နားကြပ်တပ်ထားသဖြင့် တစ်စုံတစ်ဦးက သူမနားထဲ တည့်တည့်သို့ တီးတိုးပြောနေသလိုမျိုး ဖြစ်နေသည်။ Song Nanchuan၏ အသက်ရှူသံတောင် ပါနေသေးသည်။

သူမမျက်နှာသည် အနည်းငယ်နီရဲလာပြီး သူမ၏နားကြပ်ကို ဖြုတ်လိုက်သည်။

တကယ်ပါပဲ! ဒီလူက စာသားဖတ်ပြတဲ့အချိန်မှာတောင် ဒီလိုကလူနေတုန်းပဲနော်! သို့ပေမဲ့...Chuan Chuan၏အသံက အရမ်းကို နူးညံ့ပြီးတော့ လူကို အရည်ပျော်သွားစေတာပဲ။ ဒီလိုကြားလိုက်ရ၍ သူမ၏ နှလုံးသားလေးတောင် ကနွဲ့ကလျ ခုန်လာနေပြီး။

Song Nanchuan ပြန်လာသောအခါ သူသည် ဘေးတွင် ရပ်နေသော၊ မျက်နှာနီရဲနေသော Pei Yingကို တွေ့သွားသည်။ သူ့အကြည့်သည် သူမလက်များမှ ဖုန်းဆီ ရောက်သွားပြီး သူမ သူအသံသွင်းထားသည်ကို ကြားပြီးသွားပြီးဆိုတာ သဘောပေါက်သွားသည်။

သူ့နှုတ်ခမ်းထောင့်တို့ ကွေးတက်သွားသည်။ Song Nanchuanသည် မသိချင်ဟန်ဆောင်ရင်း လျှောက်လာခဲ့သည်။ Pei Yingကို ကြည့်ကာ ပြောလိုက်သည်၊ "Ying Ying မင်းမျက်နှာ ဘာလို့ နီရဲနေတာလဲ? ပူလို့လား? ကိုယ် အဲယားကွန်းကို အပူလျှော့ပေးရမလား?"

Pei Ying "..."

သူ ဒါကို ရည်ရွယ်ချက်နဲ့ လုပ်နေတာပဲ!

သူမသည် လက်ထဲက ဖုန်းကို မြှောက်လိုက်ကာ သူ့ကို ကြည့်လိုက်သည်။ "ကျွန်မ ခုပဲ ရှင်အသံသွင်းထားတာကို နားထောင်ပြီးသွားတာ ဒါမဲ့ နောက်မှာ အပိုစာသားလေးတစ်ကြောင်း ရှိနေတယ်. ရှင် နောက်ဆုံးစာကြောင်းမှာ ဘာပြောထားတာလဲ?"

"နောက်ဆုံးစာကြောင်း..." Song Nanchuanသည် သူမဆီ မျက်စိပေကလပ်ပေကလပ်လုပ်လိုက်သည်။ "အဲ့ဒါက ကိုယ် မင်းကို ပြောချင်တဲ့ စကားတွေလေ."

Pei Yingသည် ဒုက္ခရောက်နေသော မှုန်ကုပ်ကုပ်မျက်နှာဖြစ်သွားသည်။ "ဒါမဲ့ ကျွန်မ အဲ့ဒါ နားမလည်ဘူးလေ. ရှင်သိသားပဲ ကျွန်မအင်္ဂလိပ်စာ တော်တော်ဆိုးတယ်ဆိုတာ."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Onde histórias criam vida. Descubra agora