Chapter 8

3.8K 422 7
                                    


Unicode Font

8.  လွမ်းဆွေးတမ်းတခြင်း

မသေချာမရေရာခြင်းက ငါတို့ကို နာကြင်ခံစားစေတယ်.

Pei Yingသည် အိမ်ပြန်ရောက်ပြီးတာတောင်မှ သူမ ခေါင်းထဲ၌ Song Nanchuan၏ စကားလုံးများသည် စွဲထင်ကျန်နေဆဲဖြစ်သည်။

သူမ ရင်ဘတ်ကို ထိလိုက်သောအချိန်တွင် ရင်ခုန်နေဆဲပင်ဖြစ်သည်။ ထို့နောက် သူမသည် Ren Shanshanဆီသို့ စာပို့လိုက်လေသည်၊ "Shanshan, င့ါရဲ့ သူငယ်ချင်းFeed(NF)မှာ တင်ဖူးတဲ့ မနက်စာကို နင် မှတ်မိသေးလား? Song Nanchuanက အဲ့ဒါကို တွေ့ပြီးတော့ ငါ့ဆီ ချက်ပြုတ်နည်းအချို့တွေ ပို့လာတယ်လေ. အခု အဲ့ချက်ပြုတ်နည်းတွေ လုပ်ဖို့ ပါဝင်ပစ္စည်းအစုံပဲ သူ ငါ့ဆီ ပေးလာတယ်."

[Ren Shanshan]...ညလယ်ခေါင်မှာ အိပ်နေရမဲ့အစား နင် လာကြွားနေတယ်ပေ့ါလေ (အပြုံး)

[Pei Ying]မဟုတ်ပါဘူးဟာ ငါ ဒီတိုင်း တွေးနေတာ... သူ င့ါကို လိုက်နေတယ်လို့ နင် မထင်ဘူးလား (ရှက်နေသော)

[Ren Shanshan]ငါ ထင်တာတော့ သူ နင်နဲ့ အိပ်ချင်နေတာဖြစ်မယ်. (အပြုံး)

Pei Ying, "..."

ဒီဒိတ်လုပ်တဲ့နေရာမှာ ဆရာကြီးဖြစ်တဲ့ Ren Shanshanကတော့ ညစ်ပတ်တဲ့စိတ် တော်တော်ရှိနေတာပဲ။

[Pei Ying]နင် သူ့အကြောင်း သိလာရင် သူက လူကြီးလူကောင်းဆိုတာ နင် သိလာမှာ. (ဘိုင့်) အာ ပြီးတော့ အဲ့မျက်ရည်စက်လို မွေးရာပါအမှတ်က တအား ဆွဲဆောင်မှုရှိတာပဲ. (အပြုံး)

[Ren Shanshan] ...

[Ren Shanshan]နင် ထောက်ချောက်မိမှာ မကြောက်ဘူးဆိုရင်လဲ လူဆိုးတွေက သည်းခံနိုင်တယ်ဆိုတာကိုတော့ နင် ကြောက်သင့်တယ်နော်.

Pei Ying, "..."

သူမသည် ဖုန်းကို ကိုင်ထားရင်း ခဏလောက် စဥ်းစားလိုက်သည်။ ထို့နောက် နောက်ထပ်စာကို ပို့လိုက်လေသည်၊ "အို ဒါနဲ့ ငါ အရင် ဒရာမာရိုက်တုန်းက အဲ့ပုံကို တင်ထားတယ်လား? ဒီနေ့ ငါ သွားတွေ့မဲ့အချိန်မှာ သူ င့ါရဲ့ သူငယ်ချင်းFeed(NF)မှာ အဲ့လိုပုံကို နောက်ထပ် မတင်တော့ဖို့ ပြောတယ်ဟ. သူ ဘာကို ဆိုလိုချင်တာလဲဆိုတာ နင် သိလား?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now