Chapter 54

2.1K 228 2
                                    

Unicode Font

54.

'အဲ့ဒါက ရိုးရှင်းပါတယ်. ဘာလို့ဆို ကျွန်တော် ချစ်မြတ်နိုးတဲ့ လူကိုမှ လက်ထက်မှာမလို့ပဲ.'

Song Nanchuan၏ အဖေသည် သူ့ကို ပြန်မလွှတ်ခင်အထိ နာရီဝက်နီးပါးလောက် စကားပြောခဲ့သည်။ သို့သော် သူ ထွက်တော့မည့်အချိန်မှာပဲ သူ့အဖေသည် သူ့ကို ပြန်ခေါ်လိုက်ပြန်သည်။ မျက်မှောင်ကြုံ့ထားရင်း သူ မေးလိုက်သည်၊ "ငါ မေးဦးမယ် မင်း အထဲဝင်လာတုန်းက ဘာလို့ မင်းဆီက အသားကင်အနံ့တွေ ရနေရတာလဲ?"

"..." Song Nanchuanသည် သူ့အစ်ကိုဆီကိုသာ အပြစ်ပုံချလိုက်တော့သည်။ "အစ်ကို(၂)က ခြံထဲမှာ အသားကင်စားနေတာလေ သူက ကျွန်တော်နဲ့ Pei Yingကို လာစားဖို့ ခေါ်လို့."

"ဟွန့်. အဲ့ဒါက သူဖြစ်မယ်ဆိုတာ ငါ သိနေတယ်." Mr Songသည် တံခါးအပြင်ဘက်ရှိ အလုပ်သမားကို ခေါ်လိုက်သည်။ "Lao Erရဲ့ အသားကင်စက်ကို လွှင့်ပစ်လိုက်ပါလို့ ငါ မပြောထားဘူးလား? သူ ခြံထဲမှာ ဘာလို့ အသားကင်နေပြန်ပြီးလဲ?"

အလုပ်သမားသည် ရိုသေစွာ ပြန်ဖြေလိုက်သည်၊ "ဟုတ်ကဲ့ပါ သခင်ကြီး. ဒုတိယသခင်လေးက အသစ်တစ်ခု ထပ်ဝယ်လိုက်တာဖြစ်မယ်."

Mr Songသည် ဒေါသထွက်လွန်းသောကြောင့် သူ ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်သည်။ "ဒီအကောင်ကတော့ တစ်နေကုန် ဘာအလုပ်မှ မလုပ်ပဲနဲ့ အပြောင်အပျက်တွေကျ သိပ်ကို ကျွမ်းနေတယ်ပေါ့လေ. ငါ ဒီနေ့ သူ့ကို ရိုက်ပစ်မှပဲ ရတော့မယ်."

Mr Song စာကြည့်ခန်းထဲက ထွက်သွားပြီးနောက် Song Nanchuanလည်း သူ့နောက်ကို အလောတကြီး လိုက်သွားလိုက်လေသည်။

ခြံဝင်းကို ဂရုစိုက်ပေးသော ဥယျာဥ်မှူးတစ်ဦး ရှိသောကြောင့် အလှစိုက်ထားသော သစ်ပင်ပန်းပင်များသည် အမြဲတမ်း လှပနေကြသည်။ အင်းဆက်ပိုးကောင်များသည် နွေရာသီညနေခင်းတွင် လာလေ့ရှိပြီး လရောင်က ငွေရောင်ရာတစ်ခု ချန်ရစ်ထားနေသည်။ ထို့အပြင် လေပြည်လေညှင်းကလည်း အသားကင်အနံ့ကို သယ်ဆောင်ပေးနေသည်။

Mr Songသည် သူ့မျက်ခုံးကို တွန့်လိုက်ပြီး အနံ့လာရာနောက် လိုက်သွားတော့သည်။ Song Nanchuanလည်း သူ့နောက် လိုက်လာခဲ့ပြီး အချို့သော ချုံပုတ်များကို ကျော်ဖြတ်သွားပြီးနောက် သူသည် Pei Yingကို သူ့အစ်ကိုနှင့်အတူတူ ထိုင်နေသည်ကို တွေ့လိုက်သည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now