Chapter 7

3.9K 411 14
                                    

Unicode Font

7. ပြီးဆုံးသွားခြင်း

ကျွန့်တော့်မျက်လုံးထဲမှာ မင်းက ဇာတ်လိုက်မင်းသမီးလေးပါ.

သူမသည် Song Nanchuan၏ messageကို တွေ့သောအခါ Pei Ying နှလုံးသားသည် စတင်ခုန်နေပြီးဖြစ်သည်။

ဖိတ်ခေါ်မှုမှာ အင်မတန် ဆွဲဆောင်မှုကောင်းလွန်းသောကြောင့် သူမသည် ထိုတွေ့ဆုံမှုတွင် မည့်သည့်အဝတ်အစား ဝတ်ဆင်ရမည်ကို စတင်တွေးနေပြီးဖြစ်သည်။ သို့သော်လည်း ခဏကြာသော် သူမသည် စာပြန်နေရင်း နှုတ်ခမ်းမှာ ညှိုးကျသွားသည်၊ "ကျွန်မ တောင်းပန်ပါတယ်. ကျွန်မအတွက် ရိုက်ကူးရေးက ဒီနေ့ ပြီးသွားတော့ အဖွဲ့က ကျွန်မကို ညစာကျွေးဖို့ ဖိတ်ပြီးသွားပြီးရှင့်."

Pei Yingသည် ထိုမှာ နှမြောစရာကောင်းသည်ဟု ခံစားရသည်။ သူ ဘာလို့ သူမကို စောစောထဲက မဖိတ်ရတာလဲ? သူမလည်း အဖွဲ့က ဖိတ်တာကို ငြင်းပြီးတော့ သူနဲ့ သွားနိုင်မှာကို...

ထိုအတွေးမှာ ဒရာမာရိုက်ကူးရေးအဖွဲ့ကို အားနာမိစေသော်လည်းပေါ့.

[Chuan Chuan]မင်း ရိုက်တာ ပြီးတောင် ပြီးသွားပြီးလား?

[Pei Ying]အင်း...ကျွန်မက နဂိုတည်းက ဖြတ်လျှောက်တစ်ယောက်ပဲဟာ အဲ့တော့ ကျွန်မအပိုင်းလဲ နည်းတာပေါ့. orz(ခေါင်းက မြေကြီးထဲ ဝင်တော့မယ့် အီမိုဂျီပါ)

သူမ ပို့လာသော စာကို တွေ့ပြီးနောက် Song Nanchuanသည် ရယ်လိုက်သည်။ "ဘာမှ မဖြစ်ပါဘူး ကျွန်တော့်မျက်လုံးမှာတော့ မင်းက ဇာတ်လိုက်မင်းသမီးလေးပါ."

......

ထောင့်နားတွင် ထိုင်နေပြီး ဖုန်းကို ကိုင်ထားသော Pei Yingမျက်နှာမှာ ချက်ချင်း နီရဲလာလေသည်။

သူမ ရင်ထဲတွင် ဗရမ်းပတာဖြစ်နေကာ ဘယ်လို ပြန်ရေးရမှန်းတောင် မသိတော့ပေ။ သူမသည် ရုတ်တရက် Ren Shanshanပြောတာမှန်သည်ဟု ခံစားလာသည်။ Song Nanchuanကတော့ လုံးဝပရိုပဲ။

Song Nanchuan နောက်ထပ်message ပို့လာတာကို ကျေးဇူးတင်ရမည်။ "မင်း ဒီည ဘယ်သူတွေနဲ့ ညစာစားမှာလဲ?"

[Pei Ying]Yu kaizeနဲ့ Tao Tao.

သူသည် Yu Kaizeအမည်ကို တွေ့သောအခါ Song Nanchuanသည် မျက်ခုံးတွန့်သွားသည်။ သူသည် ခဏတွေးလိုက်ပြီးနောက် တုံ့ပြန်လိုက်သည်၊ "မင်း ဘယ်ဆိုင်မှာ စားမှာလဲ?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora