Chapter 17 Part 1

3.7K 322 29
                                    

Unicode Font

17. Part 1

Pei Ying စတင်ရင်ခုန်လာတော့သည်၊ ထိုမှာ သူမ နှလုံးသားတွင် နက်ရှိုင်းစွာ မြှပ်နှံထားသော အစေ့လေး နောက်ဆုံးတော့ မြေကြီးကနေ ထွက်ပေါ်လာသလိုမျိုးဖြစ်သည်။

ထူးဆန်းသော ခံစားချက်မှာလည်း ထွက်ပေါ်လာသလို ဖြစ်နေသည်။ သူမသည် Song Nanchuanကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး သူတို့နှစ်ဦးကြားမှ တိတ်ဆိတ်မှုလည်း တဖြည်းဖြည်းနှင့် ပိုပိုတိုးလာတော့သည်။

"စိတ်မရှိပါနဲ့၊ မှာထားတာတွေ ရပါပြီးခင်ဗျာ. ခရင်ဆော့စ်အချဥ်နဲ့ လုပ်ထားတဲ့ သဘာဝကမာပါ [1]." နောက်တစ်ခါ ထပ်ပြီး စားပွဲထိုးသည် အချိန်မီ ရောက်ရှိလာပြီး မှာထားသော ဟင်းများကို စားပွဲပေါ်တွင် ချထားတော့သည်။

"ကျေးဇူးတင်ပါတယ်." Pei Yingသည် နောက်ဆုံးတော့ Song Nanchuan၏ အကြည့်များမှ ရုန်းထွက်ပြီး ကမာကောင်ဟင်းပွဲကို ကြည့်လိုက်တော့သည်။

Song Nanchuanလည်း သူတို့၏ ယခင်အကြောင်းကို ပြန်မပြောတော့ဘဲ Pei Yingနှင့် အခြားအကြောင်းအရာများကို သဘာဝကျကျ စတင် စကားစတော့သည်။

ညစာမှာ တော်တော်လေး ကောင်းမွန်ခဲ့သည်။ ဟင်းများသည် အရသာရှိရုံသာမက Pei Ying၏ အကြိုက်နှင့် တစ်ထပ်တည်းကျခဲ့သည်၊ သူမတွင်လည်း Song Nanchuanအကြောင်း သိရန် အချိန်ကောင်းများ ရရှိခဲ့သည်။ ထို့အပြင် သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော Song Nanchuan၏ မျက်နှာကြောင့် သူမ စားချင်စိတ်မှာလည်း နဂိုထက် ပိုပြီးတောင် ကောင်းမွန်လာတော့သည်ကို သိရှိသွားသေးသည်။

အချိုပွဲအတွက်တော့ သူတို့သည် စားပွဲထိုး အကြံပြုထားသော ရေခဲမုန့်ကို စားခဲ့ကြသည်။

"Twilightရဲ့ ကိတ်မုန့်၊ပေါင်မုန့်ဖုတ်သူက Jonathanလေ သူက အဲ့နယ်ပယ်မှာ တော်တော်လေး နာမည်ကြီးတယ်. အထူးသဖြင့် သူ့ရဲ့ macarons. မင်း သူတို့ကို တစ်ခါ စားလိုက်တာနဲ့ မေ့ဖို့ တော်တော် ခက်တယ်." Song Nanchuanသည် မျက်နှာချင်းဆိုင်မှ Pei Ying ရေခဲမုန့်စားနေသည်ကိုကြည့်ရင်း ရယ်မိတော့သည်။

"အင်း သူ့ macaronsတွေက အရမ်း နာမည်ကြီးတယ်. သူတို့တွေက Yuမိသားစုရဲ့ အကောင်းဆုံးအချိုပွဲတွေထဲက တစ်ခုလေ." မထင်မှတ်ထားဘဲ သူတို့ရဲ့ စျေးနှုန်းမှာ အရည်အသွေးနဲ့ အောင်မြင်မှုကြောင့် သူမ အရင်က နှစ်ခါသာ စားဖူးသည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now