Chapter 35

2.8K 310 3
                                    

Unicode Font

35. 

'အခုကစပြီး မင်း ရေနဲ့ ပတ်သက်ပြီး မှတ်မိရမှာက ရေနစ်တာ မဟုတ်ဘဲ ကိုယ်တို့ အနမ်းပဲ ဖြစ်နေရမယ်.'

Pei Ying၏ လက်ရှိနေ့စဥ်ဘဝကို အကျဥ်းချုပ်လိုက်လျှင် သူမသည် ဒရာမာရိုက်ကူးရေးအတွက် နေ့စဥ် သွားနေရခြင်းနှင့် ကိုလူချော၏ အဖော်ပြုမှုတွင် ဇိမ်ကျနေခြင်းသာ ဖြစ်သည်။

အင်း ထို့အပြင် သူမ အသားလည်း စားနေရသည်။ တကယ့် အသား ဖြစ်သည်။

သူမသည် ထိုနေ့တွင် အသားစားရသည့် တစ်ခန်းကို ရိုက်ကူးရပြန်သည်။ ထိုမှာ အဓိကဇာတ်လိုက်က ဇာတ်လိုက်မင်းသမီးအတွက် ချက်ထားသော အရည်အသွေးမြင့်သော steakဖြစ်သည်။ steakကို Yuစားသောက်ဆိုင်၏ ဆိုင်ခွဲတစ်ခုမှ စားဖိုမှူးချုပ်က အထူးပြင်ဆင်ထားခြင်းဖြစ်သည်။ Universe၏ စည်းကမ်းချက်များအရ Pei Yingသည် ဓာတ်ပုံရိုက်လိုက်ပြီး weiboပေါ် တင်လိုက်သည်။

ခါတိုင်းလိုပင် အားကျနေကြသော မှတ်ချက်ရေးသူများ ရောက်လာကြတော့သည်။

"Season of Love စရိုက်ကတည်းက ငါ့Peiလေးက အစားအသောက်ဘလော့ဂ်ဂါအဖြစ် ပြောင်းသွားရှာပြီး J"

"နေ့စဥ်နေ့တိုင်း weiboမှာ မင်း အသားတွေ စားနေတဲ့ပုံကို တွေ့နေရသလို တီဗီမှာလဲ နောက်တစ်ခါ အဲ့အခန်းကို ထပ်ကြည့်ရမှာပါလား. ပင်ပန်းလိုက်တာနော် (ဘိုင့်)"

"မင်းရဲ့ အကောင်းဆုံးသူငယ်ချင်း Pei Yingပလပ်စ် မကြာခင် ရောက်လာတော့မယ် (အဟိ)"

"ငါ ညစာအတွက် steakပဲ စားဖို့ ဆုံးဖြတ်လိုက်ပြီး (ဟီးဟီး)"

"Universeရဲ့ အသုံးအဆောင်တွေက ကောင်းတယ်ဆိုပြီး နာမည်ကြီးတာ မှန်ပါတယ် ဒါပေမဲ့ မင်း ပို့စ်တင်တာကို ဒီလောက်ထိ စွဲနေမှန်း မသိလိုက်ဘူး (ဘိုင့်) မင်း ဝ၊ ဝ၊ ဝ၊ ဝ၊ ဝ လာပါစေလို့."

"Pei Pei, မင်း ဒရာမာမှာ အကူ လိုသေးလား? Qaq အသား စားလို့ရတဲ့ နေရာတစ်နေရာလောက်ပဲ ဖြစ်ဖြစ် qaq"

Pei Yingသည် weiboတွင် ဓာတ်ပုံတင်နေရုံနှင့် မပြီးပါ။ သူမသည် Song Nanchuanဆီ ဓာတ်ပုံတောင် ပို့လိုက်သေးသည်။

[Ying Ying]ရှင် ဘာလုပ်နေတာလဲ? ကျွန်မ အသားစားနေတာလေ (ဓာတ်ပုံ)

Song Nanchuan "...."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Hikayelerin yaşadığı yer. Şimdi keşfedin