Chapter 37 Part 2

2.3K 265 0
                                    

Unicode Font

37. Part 2

သူမသည် အပြင်ထွက်သည့်လမ်းတွင် ဝရန်တာတံခါးကို သေချာပိတ်ထားလိုက်ပြီး နောက်မှ သူမ Song Nanchuanဆီ ဖုန်းဆက်လိုက်သည်။ ဖုန်းမှာ နှစ်ခါ မြည်ပြီးနောက် သူ ကိုင်လိုက်သည်။ "Ying Ying ဘာဖြစ်လို့လဲ?"

"အင်း ဒါက ဒီလိုပါ." အမှန်အတိုင်း ပြောရလျှင် Pei Yingသည် တကယ့်ကို ဘာကိုမှ မပြောပြချင်ပါ။ "ကျွန်မမောင်လေး Aမြို့ကို ရုတ်တရက် ရောက်လာလို့. စောနက လောနေတာက သူနဲ့ တွေ့ဖို့ လုပ်ထားလို့."

ဖုန်း၏ အခြားတစ်ဖက်မှ Song Nanchuanသည် တစ်ခဏလောက် စဥ်းစားတွေးချိန်နေသည်။ ထို့နောက် သူ မေးလိုက်သည်၊ "ဒါဆို မင်းတို့ အခု ဘယ်မှာလဲ?"

"ကျွန်မ ငှားထားတဲ့တိုက်ခန်းမှာ. သူက Aမြို့မှာ လဝက်လောက် နေဦးမယ်လို့ ပြောတယ် ပြီးတော့ ကျွန်မလဲ ဒီမှာပဲ နေခဲ့ရမယ်ထင်တယ်..."

သူမ ပြောပြီးသည်နှင့် Song Nanchuanဆီက တုံ့ပြန်မှုကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။ သူ သူတို့၏ အပန်းဖြေခရီးကို စီစဥ်နေခဲ့တာ ကြာပြီးမှန်း သူမ သိသည်၊ ထို့ကြောင့်လည်း သူတို့ ရုတ်တရက် မသွားရတော့ဘူးဆိုတဲ့အချက်က သူ့ကို သေချာပေါက် မပျော်မရွှင်ဖြစ်စေလိမ့်မည်။

တကယ့်ကိုပင်၊ Song Nanchuanမှာ လုံးဝ မပျော်ရွှင်နေပါ။ အနည်းငယ်ဒေါသထွက်နေသောလေသံဖြင့် သူ ပြောလိုက်သည်၊ "မင်းမောင်လေးက တကယ့်အချိန်ကောင်းမှာမှ ရောက်ချလာတာပဲ."

"အင်း..."

"သူက လူကြီးဖြစ်နေပြီးလေ. မင်း Aမြို့မှာ သူ့တစ်ယောက်တည်း နှစ်ပတ်လောက် ထားခဲ့တာကို သူ့ကို မသေစေနိုင်ပါဘူး."

"...မကောင်းလောက်ပါဘူး. ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်မမောင်လေးပဲလေ." Pei Yingလည်း အပန်းဖြေခရီးစဥ် မသွားဖြစ်တော့သည့်အတွက် နောင်တလည်း ရသလို သူမ Song Nanchuanကို အရင်ဆုံးချော့မော့ရမည်ဖြစ်သည်။ "ကျွန်မ တကယ်တောင်းပန်ပါတယ်. သူ အဲ့လို ရုတ်တရက်ပေါ်လာမယ်မှန်း မသိခဲ့လိုက်လို့ပါ. တောင်းပန်ပါတယ်နော်..."

Pei Ying၏ သနားစရာကောင်းသော တောင်းပန်မှုကို ကြားပြီးသောအခါ Song Nanchuan၏ နှလုံးသား ပျော့ပျောင်းသွားသည်။ စိတ်ဆိုးနေသေးသောအသံဖြင့် သူ ပြောလိုက်သည်၊ "ထားလိုက်ပါတော့. ကိုယ် Xiao Zhangကို လက်မှတ်ခတွေ ငွေ ပြန်အမ်းခိုင်းလိုက်မယ်. ကိုယ်တို့ နောက်တစ်ခါ သွားကြတာပေါ့."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Dove le storie prendono vita. Scoprilo ora