Chapter 1

17.5K 602 9
                                    


Unicode Font

1. Pei Ying

ဒီကောင်မလေးက နည်းနည်း ထူးခြားတဲ့ပုံပေါက်တယ်။

နွေဦးအစ၊ Marchလ.

များပြားကြွယ်ဝလှသော မက်မွန်ပန်းပွင့်များသည် လေထဲတွင် လွင့်မျောနေသည်။ ပန်းရောင်ပွင့်ဖတ်လေးများသည် လေထဲတွင် လည်နေပြီး အဆောက်အအုံတစ်ခု၏ ဖွင့်ထားသော ပြတင်းပေါက်ထဲသို့ ဝင်လာကာ မနက်ခင်းနေ၏ အလင်းရောင်နှင့်အတူ အဖြူရောင်စောင်လေးပေါ်သို့ ကျဆင်းသွားသည်။

အရောင်ဖျော့သောစောင်ပေါ်တွင် ရှိနေသော ဆဲလ်ဖုန်းသည် ရုတ်တရက် လင်းလာသည်၊ သာယာကြည်နူးဖွယ်ကောင်းသော တယောသံစဥ်လေးတစ်ခုသည် စပီကာကနေ အသံထွက်လာသည်။

Pei Yingသည် စောင်ထဲကနေ သူမ၏လက်ကို ထုတ်လိုက်ကာ ခေါင်းအုံးနားကို နှစ်ကြိမ် စမ်းလိုက်သည်။ မျက်စိပိတ်ထားရင်းနှင့် သူမ ဖုန်းကို ဖြေလိုက်သည်၊ "Hello..."

သူမ၏အသံသည် အိပ်ချင်စိတ်နှင့် လေးလံနေသည်။

"ဘယ်အချိန်ရှိနေပြီးမလို့ နင်အခုထိ အိပ်နေရတာလဲ? နေ့လည်ကျရင် ဓာတ်ပုံရိုက်ရဖို့အတွက် နင် လာရမယ်ဆိုတာ မမေ့နဲ့ဦး!"

Ren Shanshan၏ အနည်းငယ်စူးရှသောအသံက Pei Yingကို ခဏနိုးထစေသည်။ သူမသည် မရှင်းမလင်းဗလုံးဗထွေးပြန်ပြောလိုက်သည်၊ "ငါသိပါတယ်ဟာ..."

သူမ ဖုန်းပြောလို့အပြီးမှာတော့ ဖုန်းပေါ်က အချိန်ကို တစ်ချက်ကြည့်လိုက်သည်၊ ၉နာရီတောင် မထိုးသေးဘူး.... Ren Shanshan၏ အပူတပြင်းမနက်ခင်းဖုန်းကြောင့် သူမ နေ့လည်၂နာရီအထိ အိပ်သင့်ကြောင်း စဥ်းစားလိုက်သည်။ "အာ...." သူမ အကြောဆန့်လိုက်သည်၊ Pei Ying အိပ်ရာမှ ပျင်းရိစွာ ထလိုက်ရင်းနှင့်သူမ၏ ခါးအရှည်လောက်ရှိသောဆံပင်များသည် ရေတံခွန်ကဲ့သို့ သွယ်ဆင်းသွားသည်။

မျက်နှာသစ်ရန်မလောဘဲနဲ့ သူမ၏ အိမ်စီးဖိနပ်ပါးကို စီးကာ စာရေးခုံဆီသို့ လျှောက်လာလိုက်သည်။အဲ့အစား သူမသည် ကွန်ပြူတာကို ဖွင့်လိုက်ကာ သူမ၏weiboကို ဖွင့်လိုက်သည်။

Commentအသစ်၅ခုနဲ့ ၃PMs. ကောင်းလိုက်တာ၊ အကုန်ပေါင်းလိုက်ရင် ဒီနေ့ ဆယ်ဂဏန်းတောင် မရှိပါလား။ စိတ်ရွှင်လန်းစွာဖြင့် သူမ commentများကို ဖွင့်လိုက်သည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Dove le storie prendono vita. Scoprilo ora