Unicode Font
'ကိုယ် အဲ့ကိစ္စတွေအပေါ်မှာ နေ့နဲ့ ည ခွဲခြားထားတာ မရှိဘူး.'
Pei Yingနှင့် Song Nanchuanတို့၏ မင်္ဂလာပွဲနှစ်ပွဲသည် အပြီးမသတ်ခင် အကြမ်းဖျင်း နှစ်ဝက်လောက် ကြာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မင်္ဂလာပွဲနှစ်ပွဲလုံးသည် မတူသော နိုင်ငံများတွင် ကျင်းပပြီး တစ်ပွဲစီတိုင်းတွင် မတူညီသော ဧည့်သည်များလည်း တက်ရောက်ကြသောကြောင့်ဖြစ်သည်။ သတို့သမီးအရံတစ်ယောက်အနေဖြင့် Ren Shanshanသည် ရဲတိုက်မှသည် ပင်လယ်ကမ်းခြေအထိ လိုက်လာခဲ့ရသည်။
မည်သည့်ပွဲကိုမှ မီဒီယာများကို အထူးတလည် မဖိတ်ကြားထားပေမဲ့ လက်ထပ်ပွဲမှ ဓာတ်ပုံများသည် ပေါက်ကြားလျက်ရှိပြီး netizenများကို မနာလိုအားကျစေသည်။ မင်္ဂလာပွဲနှစ်ပွဲဖြစ်သောကြောင့် Pei Yingတွင် အလိုအလျောက် မင်္ဂလာဝတ်စုံ နှစ်စုံ ဝတ်ဆင်ခဲ့သည်။ မင်္ဂလာပွဲ ပြီးဆုံးသွားသောအခါ သူမသည် လက်ထပ်ဝတ်စုံများနှင့် ပုံအချို့ကို တင်လိုက်ပြီး များစွာသော အဖော်မဲ့ခွေးများကို အပြတ်အသတ် သတ်ဖြတ်နေသလို ဖြစ်သွားစေသည်။
"CEO Songက နင့်ကို တကယ် ချစ်တာပဲ (ကြည်ညိုလေးစားပါတယ်) လက်ထပ်ဝတ်စုံနှစ်စုံနဲ့ မင်္ဂလာအခမ်းအနားနှစ်ခု. ငါ ဂရုမစိုက်တော့ဘူး ငါလဲ အဲ့လို လိုချင်တယ်လေ qaq"
"ငါ့ကို လက်ထပ်ချင်အောင် လုပ်နေတယ် ဒါမဲ့ ငါ့ဘေးကလူက ငါ့ကို ပရိုပို့စ် မလုပ်သေးဘူး (အသနားခံသော အီမိုဂျီ) ငါတော့ ဒီမှာပဲ ကပ်တွယ်ပြီးတော့ ခွေးစာတွေ စားရတော့မဲ့ ကိန်းပဲ..."
"နှစ်စုံလုံးက လှလိုက်တာ! ငါ့ရဲ့ ခြေတံရှည်Pei Peiက ဘာဝတ်ဝတ် လှပြီးသားပဲ!"
"လှလိုက်တာ t^t ငါ့ဝေါပေပါအတွက် သုံးလိုက်မယ်လေ t^t"
"ငါလဲ ဒီလိုမျိုး မင်္ဂလာဆောင်ချင်တယ်လို့. ဘယ်လိုထင်လဲ (smile) @ရည်းစားအကောင့်"
"ငါ ဒီလောက် ကြီးမားတဲ့ ခွေးသတ်ပွဲကို တွေ့ရတဲ့ နောက်ဆုံးအခါက လူတွေကို ခွေးစာကျွေးတဲ့ အတွဲရဲ့weiboကပဲ (ကြည်ညိုလေးစားပါတယ်) အဖော်မဲ့ခွေးတွေကို မတရားနှိပ်စက်တဲ့ packageထဲ ဝင်လာတဲ့ ငါ့ရဲ့ Peiလေးကို ကြိုဆိုပါတယ် (smile)"
KAMU SEDANG MEMBACA
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
RomansaUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...