Unicode Font
37. Part 1
'အစ်မ သူနဲ့တောင် တူတူနေပြီးဟာကို ဘာလို့ ကျွန်တော့်ကို ယောက်ဖလို့ ပေးမခေါ်ခိုင်းရတာလဲ?'
Pei Ying၏ ဒရာမာ ရိုက်ကူးပြီးသည်နှင့် Song Nanchuanလည်း သူ၏ အပန်းဖြေခရီးအစီအစဉ်များကို စတင်ပြင်ဆင်တော့သည်။
Pei Yingနှင့် ရင်ဖိုစရာကောင်းသော ညကို ကုန်ဆုံးပြီးနောက် သူသည် သူမကို လေယာဉ်လက်မှတ်များ ပြတော့သည်။ "ကိုယ် လေယာဉ်လက်မှတ်တွေ ဘွတ်ကင်လုပ်ထားပြီးပြီး. သဘက်ခါ ၉နာရီမှာ. မနက်ဖြန်ကျရင် ကောင်းကောင်းအနားယူလိုက် ပြီးမှ မင်းပစ္စည်းတွေ ထုပ်ပိုးကြတာပေါ့."
"အင်း." Pei Yingသည် လေယာဉ်လက်မှတ်များကို ကိုင်လိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။ သူမသည် ရုတ်တရက် စိုးရိမ်ကြောင့်ကြစိတ်တို့ ခံစားလာရသည်။ "ကျွန်မ လေယာဉ်စီးတဲ့အချိန် ဘာပြဿနာမှ မရှိလောက်ပါဘူးနော်?"
Song Nanchuanသည် သိချင်စိတ်ဖြင့် မေးလိုက်သည်၊ "ဘယ်လိုမျိုးလဲ?"
Pei Yingသည် ထထိုင်လိုက်ပြီး သူမလက်မောင်းကြားထဲ ခေါင်းအုံးတစ်ခု ဆွဲယူလိုက်သည်။ သူမသည် Song Nanchuanဘက် လှည့်ကာ ပြောလိုက်သည်၊ "ကျွန်မကံက ဘယ်တော့မှ မကောင်းဘူး. ရှင့်ကို ပြောပြရင် ရှင် ယုံမှာတောင် မဟုတ်ဘူး. အရင်က ကျွန်မ လုပ်ခဲ့တဲ့ အလုပ်တွေအကုန်လုံး အကြောင်းအမျိုးမျိုးကြောင့် ပိတ်သွားလို့."
Song Nanchuan "...."
သူသည် Xiao Zhangသူ့ကို ပထမဆုံး ပေးလာခဲ့သော Pei Yingအကြောင်း ဖိုင်ကို ရုတ်ခြည်း သတိရလာမိသည်။ သူမ အလုပ်လုပ်ခဲ့သော ပရောဂျက်တစ်ဝက်နီးပါးလောက် လမ်းတစ်ဝက်မှာ ဆိုင်းငံ့သွားခဲ့သည်။
Pei Yingသည် သက်ပြင်းချလိုက်ကာ ပြောလိုက်သည်၊ "ကျွန်မ အရင်က လေယာဉ်မယ်စာမေးပွဲတစ်ခု ဖြေဖူးတယ် ဒါမဲ့ ကျွန်မ အင်္ဂလိပ်က သိပ်မကောင်းလို့ ကျရှုံးခဲ့တယ်. Ren Shanshanက အဲ့ဒါကို တော်သေးတယ်တဲ့. မဟုတ်ရင် လေယာဉ်တွေလဲ နေ့စဉ်နေ့တိုင်း ကောင်းကင်ကနေ ပြုတ်ကျမှာလို့ အမြဲတမ်း ပြောနေလို့."
Song Nanchuan "..."
သူသည် ရုပ်ဝါဒ [1] ကို ယုံကြည်သူတစ်ဦး ဖြစ်ပေမဲ့ Pei Ying၏ အတိတ်ကို ကြည့်မိသွားသောအခါ သူသည် သူမ၏ အခြေအနေသည် သိပ္ပံနိယာမကိုတောင် သွေဖယ်နေသည့် အလားအလာကို သူ မငြင်းဆိုနိုင်ပါ။
ESTÁS LEYENDO
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
RomanceUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...