Chapter 23

2.8K 282 1
                                    

Unicode Font 

23.

Pei Yingသည် သူမခြေလှမ်းများကို ရပ်လိုက်သည်။

ထိုလူမှာ အနက်ရောင်ကုတ်အင်္ကျီနှင့် အဖြူရောင်ရှူးဖိနပ်ကို ဝတ်ဆင်ထားဆဲဖြစ်သည်။ သူ့မျက်လုံးများအောက်တွင် မျက်ကွင်းညိုများ ရှိနေကြသည်။

Pei Yingသည် နေရာမှာ ခဏလောက် ရပ်နေပြီးနောက် ဆန့်ကျင်ဘက်လမ်းသို့ လှည့်ကာ လျှောက်သွားလိုက်တော့သည်။ ထို့နောက် ထင်ထားသလိုပဲ သစ်ပင်အောက်မှ လူသည်လည်း သူမနောက် လိုက်လာနေသည်။

မိုးကောင်းကင်ကြီးမှာ လင်းထိန်နေဆဲဖြစ်ပြီး သူမလည်း ကြီးမားပြီး အလုပ်ရှုပ်နေသာ လမ်းပေါ်တွင် ရှိနေသည်၊ ထို့ကြောင့် Pei Yingမှာ ထိုလူ စိတ်ရှိသလို မလုပ်ရတာကို ခံစားနေမိသည်။ ဒဏ်ရာရထားသော ခြေထောက်နှင့်အတူ သူမသည် ဖြည်းဖြည်းချင်း လျှောက်နေသည်။

မဝေးတော့သည့်နေရာတွင် နယ်ခံရဲစခန်းတစ်ခု ရှိနေသည်။ သူမမှာ ထိုလူ အဲ့နေရာထိ သူမနောက် လိုက်လာမလားဆိုတာ သိချင်နေမိသည်။

လမ်းထောင့်တစ်ခုကို ကွေ့လိုက်ပြီးနောက် Pei Yingသည် ရဲစခန်းဆိုင်းဘုတ်ကို တွေ့လိုက်တော့သည်။ သူမသည် သည်နေရာကို ခါတိုင်း သိပ် ဂရုမစိုက်နေဘဲ ဖြတ်နေခဲ့ပေမဲ့ ယခုတစ်ခါမှာတော့ ထိုနက်ပြာရောင်ဆိုင်းဘုတ်သည် သူမကို အနည်းငယ် စိတ်သက်သာစေနေသည်။

ထိုလူသည် မရပ်ခင် လမ်းဆုံနေရာအထိ သူမနောက် လိုက်လာနေသည်။ Pei Yingသည် ပြန်လှည့်ကြည့်မရဲတော့ဘဲ ရဲစခန်းသို့ အမြန်ပြေးဝင်လိုက်တော့သည်။ အဝင်ဝမှ ရဲသားသည် သူမကို ရပ်တန့်လိုက်ပြီး သူမ လာရသည့်အကြောင်းရင်းကို မေးလိုက်သည်။ သူမ အခြေအနေကို ရှင်းပြပြီးနောက် ရဲသားသည် သူမကို အထဲသို့ ခေါ်လာခဲ့တော့သည်။

အထဲတွင် ရဲသားများစွာ အလုပ်လုပ်နေကြသည်။ သူမ တိုင်ချက်ဖွင့်ချင်ကြောင်းကို သူတို့ ကြားသောအခါ သူမအား ထိုင်ခုံပေါ် ထိုင်ခိုင်းလိုက်တော့သည်။

"မင်း ဘာအကြောင်းကို တိုင်ချင်တာလဲ?" သူမနှင့် မျက်နှာချင်းဆိုင်မှ ရဲသည် မေးလိုက်သည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now