Chapter 9

3.6K 405 3
                                    


Unicode Font

9. လိမ္မာသော

'ဒါ ကျွန်တော်တို့ ဖုန်းပြောတာ ပထမဆုံးအကြိမ် မဟုတ်ဘူးလား'

Pei Yingသည် ပို့လိုက်သော messageကို ကြည့်ပြီးနောက် သူမ မျက်နှာ မည်းမှောင်လာလေသည်။

ဒီလောက်အကြာကြီး တွန့်ဆုတ်နေပြီးမှ ဒီလို ပျင်းဖို့ကောင်းတဲ့ messageပဲ ပို့ဖြစ်သွားတာလား...

သူမသည် ထိုစာကို ပြန်ပြင်ချင်နေသော်လည်း သူမ လုပ်ခဲ့ရင်တောင်မှ လက်ခံသူ၌ ပြင်ပြီးကြောင်း အကြောင်းကြားချက်ရောက်သွားဦးမည်ဖြစ်သည်။ Weixin appက ဘာလို့ ဒီလို စိတ်အနှောင့်အယှက်ဖြစ်ရတာလဲ။ သူတို့က ပြန်ပြင်လို့ရတယ်လို့ ခွင့်ပြုထားပေမဲ့ ဘာလို့ ငါတို့ကို တိတ်တိတ်လေး ပေးပြင်ခွင့် မပေးရတာလဲ? 

သူမမှာ Weixin၏ အကြင်အနာတရား မရှိမှုကို မကျေမနပ် ညည်းငြူနေသောအချိန်မှာပင် Song Nanchuanဆီမှ ပြန်ပို့စာ ပေါ်လာလေသည်။

[Chuan Chuan]ကောင်းသော ညပါ. ^_^

Pei Yingသည် အမှန်တကယ် မမျှော်လင့်ထားပေ။ သူမ ဘာ ပြန်ပို့လိုက်ရမလဲ?

သူမ ဘာလုပ်ရမှန်းမသိ တွေဝေနေစဥ်မှာပဲ Song Nanchuanသည် ကျွမ်းကျင်စွာဖြင့် နောက်ထပ်message ပို့လာလေသည်။ "မင်း ဒီ၂ရက်အတွင်းမှာ ဘာတွေ လုပ်နေတာလဲ? မနက် ၈နာရီထိုးတဲ့တိုင်အောင် မင်း မနက်စာ စားတာ မတွေ့တော့သလိုပဲဆိုတော့ မင်း ရိုက်ကူးရေး မလုပ်ရတော့ဘူးလား?"

Pei Yingသည် ထို messageကို စိုက်ကြည့်လိုက်သည်။ သူ ဒီလောက်ထိ အာရုံစူးစိုက်ထားလိမ့်မည်ဟု သူမ မထင်ထားချေ။ သူ သူမ မနက်စာ ဘယ်အချိန်တင်တာလဲဆိုတာကိုတောင် မှတ်ထားသေးတယ်...

[Pei Ying]အင်း ကျွန်မ နောက်ဆုံးပရောဂျက် ပြီးကတည်းက အလုပ်မရှိတော့ဘူးလေ orz. ဒါပေမဲ့ ကျွန်မသူငယ်ချင်းနဲ့ တွဲဖွင့်ထားတဲ့ အွန်လိုင်းဆိုင်က မကြာခင် ပရိုမိုးရှင်း လာတော့မယ်လေ. ဒါကြောင့် နည်းနည်းတော့ အလုပ်ရှုပ်နေတယ်.

[Chuan Chuan]အွန်လိုင်းဆိုင်?

[Pei Ying]အင်း အမျိုးသမီးအဝတ်တွေလေ. ကျွန်မရဲ့ အဓိကနေရာကတော့ မော်ဒယ်လေ.

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora