Chapter 12

3.5K 347 0
                                    


12.  အမေ

'သူက နင့်မောင်လေးမှန်း သိအောင် Pei Dazhuလို့ နာမည်ပေးသင့်တာ'

သူမ၏ မွေးအမည်ကို မကြားရတာတောင် ကြာခဲ့ပြီး။ Pei Yingသည် ဘာမှတော့ ပြန်မပြောချေ။ ခဏကြာသော် သူမ မေးလိုက်တော့သည်၊ "အို အမေ တစ်ခုခုများ ဖြစ်လို့လား?"

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး. သမီးကို မနေ့ညက တီဗီမှာ တွေ့လိုက်လို့. သမီး အဲ့လောက်တောင် နာမည်ကြီးနေပြီးလား?"

Pei Yingမျက်ခုံး တွန့်သွားသည်။ "အဲ့လောက်တော့ မဟုတ်ပါဘူး. သမီး ဒီအတိုင်း ဖြတ်လျှောက်တစ်ယောက်ပါပဲ."

"အမေ့ကို မလိမ်ပါနဲ့. ဒရာမာက အရမ်းနာမည်ကြီးနေတယ်ဆိုတာ အမေ သိပါတယ်. အိမ်နီးနားချင်းက လူအကုန်လုံး ကြည့်နေကြတဲ့ဟာ. ငါတို့ Xiujuanလေးက ကတိတည်ခဲ့ပြီးပဲ."

Pei Yingသည် ပြန်မတုံ့ပြန်ခင် တစ်ချက်ရယ်လိုက်လေသည်။ သူမ အမေတော့ အရေးမပါတာတွေ ပြောပြီး သူမ နောက်ထပ်ပြောမဲ့စကားတွေကို လျှာခလုတ်တိုက်စေချင်နေတယ်ထင်တယ်။ "နေဦး ဘာပါလိမ့်... သမီးရဲ့ မောင်လေး ညတုန်းက ဖုန်းဆက်လာပြီးတော့ သူ့မှာ ပိုက်ဆံကုန်နေပြီးလို့ ပြောတယ်. ဒီနှစ်ဝက်အတွက် သူ့ကျူရှင်လခတွေ အမေတို့ ပေးပြီးပြီးကွယ် အဲ့တော့ အမေတို့မှာ ပိုက်ဆံလဲ သိပ်မကျန်တော့ဘူးလေ. သမီး သူ့အတွက် နေထိုင်စရိတ် ပေးသင့်တယ်လို့ မထင်ဘူးလား?"

"အို... အဲ့ဒါကိုး. သမီး သိပြီး. နောက်ကျ ပို့ပေးလိုက်မယ်."

"အာ! အဲ့ဒါဆို ကောင်းတာပေါ့. အမေ သမီးကို ထပ်မနှောင့်ယှက်တော့ဘူးနော်."

"အင်း..." Pei Yingမျက်နှာအမူအရာမှာ ညှိးကျသွားပြီးနောက် အခြားတစ်ဖက်မှ ဖုန်းချလိုက်သည်ကို ကြားလိုက်သည်။

စားနေသော Ren Shanshanမှာ တူများကို ချလိုက်သည်။ သူမသည် Pei Yingကို ဒေါသထွက်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ "နင့်အမေ ဘာလုပ်ဖို့ ခေါ်တာလဲ? သူ နင့်ဆီက ပိုက်ဆံ ထပ်တောင်းပြန်ပြီးလား?"

Pei Yingသည် ဖုန်းကို ဘေးချလိုက်ပြီး သူမကို စိုက်ကြည့်လိုက်သည်။ "နင် မကောင်းတဲ့လေသံ မလုပ်ပါနဲ့ဟာ. သူမက သူစိမ်းမဟုတ်ပါဘူး. ငါ့အမေပါ."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Unde poveștirile trăiesc. Descoperă acum