Chapter 21

3.1K 279 11
                                    

Unicode Font

21.

'မိန်းကလေး မင်း မီးနဲ့ ကစားနေတာပဲ.'

Song Nanchuanရဲ့ ရှေ့နေစာတွင် သတင်းထောက်အများကြီးကို ထည့်ရေးထားသည်။ ကြည့်ရတာ သူနဲ့ Pei Yingရဲ့ စတုတ္ထအပိုင်းကို နောက်လာမဲ့ အနာဂတ်မှာ ထပ်မတွေ့ချင်တော့၍ဖြစ်မည်။

"နင့်CEO Songက တော်တော်မိုက်တာပဲ. ထိုသတင်းထောက်တွေက တစ်ခါတစ်ရံ ရက်စက်ကြတယ် ဒါမဲ့ ရှေ့နေစာလဲ ပို့ပြီးရော သူတို့ရဲ့ weiboတွေကို ဖျက်လိုက်တာ အလင်းလိုပဲ မြန်လိုက်တာ. အခုတော့ အကုန်လုံး အေးဆေးဖြစ်သွားပြီး." Ren Shanshanသည် weiboကို ကလိနေရင်း Pei Yingကို နောက်ဆက်တွဲသတင်းများကို ပြောပြနေသည်။

မိတ်ကပ်ပြင်သူသည် သူမ မိတ်ကပ်ကို ပြင်ပြီးသွားသောအခါ Pei Yingသည် မျက်စိကို ပင့်တင်လိုက်သည်။ သူမသည် လှုပ်ရှားမှု ကြီးကြီးမားမား မလုပ်ရဲပါ။ "အဲ့သတင်းထောက်တွေက အနုပညာရှင်တွေကို စိတ်ရှိသလို အနိုင်ကျင့်နေကြတာ ဒါမဲ့ Song Nanchuanရဲ့ ကုမ္ပဏီမှာ ရှေ့နေတွေ ရှိတယ်လေ. သူတို့တွေ သူ့ကို ကျော်ပြီး ဘာမှ မလုပ်ရဲကြဘူးလေ."

"မှန်တာပေါ့. Songအင်ပါယာက တော်တော်ကြီးတဲ့ဟာ ပြီးတော့ သူတို့တွေ အဲ့လူတွေကို အလုပ်မရှိအောင် လုပ်လို့ ရတယ်လေ." Ren Shanshanမှာ ပြောရင်း ပိုအားကျလာတော့သည်။ "ငါလဲ CEOတစ်ယောက်ကို အမိဖမ်းချင်တယ်လေ. နင့်CEO Songမှာ အခြားCEOသူငယ်ချင်းတွေ မရှိတော့ဘူးလား?"

Pei Ying, "...သူ့မှာ ရှိခဲ့ရင်တောင် ငါ သူ့ကို နင့်ဆီ မိတ်ဆက်ခွင့်ပေးမှာ မဟုတ်ဘူး. ငါ သနားဖို့ကောင်းတဲ့လူတွေကို နင်ကြောင့် မထိခိုက်စေချင်လို့ပါ."

Ren Shanshan, "...."

သူမသည် Pei Yingကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်သည်။ "နင် အဲ့ဒါ ဘာကို ဆိုလိုချင်တာလဲ? ငါ့ခြေထောက်တွေ နင့်လောက် မရှည်နေပေမဲ့ ရှိသင့်တဲ့ဟာတွေတော့ ရှိပါတယ်နော် ဟင့် နင် ဘယ်လိုလုပ် ငါ သူတို့ကို ထိခိုက်အောင် လုပ်မယ်လို့ ပြောရက်ရတာလဲ?"

"...ဘာလို့ဆို နင့်မှာ ပစ္စည်းတွေ အများကြီး ရှိတာကိုး. နင် သူတို့ကို အိပ်ရာကနေ မထွက်နိုင်အောင် လုပ်ပစ်မှာ စိုးလို့ဟေ."

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Tempat cerita menjadi hidup. Temukan sekarang