Chapter 32

2.8K 336 3
                                    

Unicode Font

32.

'မင်း နွေရာသီ မီးရူးမီးပန်းလို ပွင့်လန်းခဲ့ပြီးနောက်မှာ ဗလာဆန်တဲ့ ဆောင်းရာသီကောင်းကင်ကြီးကို သက်တန့်အရောင်ရှိတဲ့ လောကတစ်ခုအဖြစ် ပြောင်းလဲလိုက်တယ်'

ပရိသတ်များ၏ အော်ဟစ်သံများသည် စိတ်အားထက်သန်မှုအပြည့် ဖြစ်နေကြသည်။ အစီအစဥ်မှူးသည် Pei Yingကို အေးအေးဆေးဆေး ကြည့်လိုက်ကာ သူမကို ပြုံးပြလိုက်သည်။ "Pei Peiရေ မင်း အားလုံးအတွက် သီချင်းဆိုပြချင်လား?"

"ဆိုပြလို့!!"

Pei Ying မတုံ့ပြန်ခင်မှာပဲ ပရိတ်သတ်များဆီမှ လက်ခုပ်သြဘာသံတို့ဖြင့် ပြည့်နှက်လာတော့သည်။

Pei Yingသည် သူတို့ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ သူမသည် အစီအစဥ်မှူးကို လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီး ဒါဆို ကျွန်မ ဆိုလိုက်မယ်လေ."

Chen Sheng၏ နှလုံးမှာ ရင်ဘတ်ထဲကနေ ပြုတ်ကျတော့မလိုပင် ဖြစ်သွားသည်။ အစီအစဥ်မှူးက အရှုပ်တွေ လုပ်နေပြီး အစီအစဥ်ကို ဖျက်တော့မှာကို Pei Yingက ဘာလို့ သူ့ကို လိုက်လျောလိုက်တာလဲ?! မင်း ဒီသီချင်းကို ဆိုးဆိုးရွားရွှား ဆိုလိုက်ရင် မင်း တော်တော်ကြိုးစားထားတဲ့ ကျော်ကြားမှုကလည်း အဲ့လိုပဲ ပြုတ်ကျသွားမှာလို့!

ပွင့်လန်းခြင်း၏ အဖွင့်သံစဥ်သည် စတင်ထွက်ပေါ်နေပြီး စင်အောက်မှ ပရိတ်သတ်တို့သည် အော်ဟစ်နေကြသည်။ သူတို့သည် လက်မောင်းများကို ဝှေ့ယမ်းကြပြီး သီချင်းသံစဥ်ကို ရေတွက်ရင်း လိုက်ဆိုနေကြသည်။

"အရာအာလုံး ခြောက်သွေ့ညှိုးနွမ်းနေတဲ့ ရာသီမှာ မင်းနဲ့ ကိုယ်နဲ့ အချင်းချင်း မရိုးသားကြတော့ဘူး..." Pei Yingစတင် သီချင်းဆိုသည်နှင့် သူမ ပရိတ်သတ်များသည် စိတ်တက်ကြွလာတော့သည်။ သူမ အသံက အတော် ကောင်းကာ ထူးခြားနေသည်။ သူမ၏ စိတ်ရောကိုယ်ပါ သီချင်းသီဆိုမှုကို နားထောင်ရသည်မှာ အတော့်ကို သာယာကြည်နူးရသည်။

ဤုသီချင်း၏ ခက်ခဲမှုမှာ သီချင်း၏စည်းချက်ကို ထိန်းချုပ်ခြင်းဖြစ်ပြီး Pei Yingသည် ထိုကို အသံသွင်းစတူဒီယိုတွင် ကျော်လွှားနိုင်ခဲ့သည်။ သံပြိုင်အပိုဒ် ရောက်သောအခါ Chen Shengသည် စင်အောက်တွင် မတ်တပ်ရပ်လိုက်ပြီး သူ့လက်များကို အတူတကွ ဆုတောင်းသည့် ပုံစံအလား လက်ယှက်လှသည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora