Unicode Font
24.
'ကိုယ် မင်းရဲ့ စိတ်အားထက်သန်မှုကို နှစ်ဆ ပြန်ပေးရတာပေါ့.'
လွန်ခဲ့သော ညနေတွင် Pei Yingသည် သူမ ခြေချင်းဝတ်မှ ပတ်ထားသည်များကို ဖယ်ရှားလိုက်တော့သည်။ အနည်းငယ် နီရဲနေသေးပေမဲ့ သေချာကြည့်မှ သတိထားမိမည်ဖြစ်သည်။ နောက်မနက် သူမ ထွက်လာသောအခါ သူမသည် လေ့ကျင့်ခြင်းအတွက် သင့်တော်သော အဝတ်အစားများကို တမင်ယူလာခဲ့ပြီး သူမ လေ့ကျင့်တုန်းက စီးခဲ့သော ရှူးဖိနပ်ကို ပြန်ဝတ်ဆင်လေသည်။
Song Nanchuan၏ ဒါရိုင်ဘာသည် သူမကို Universe Pictures HQသို့ ပို့ဆောင်ပေးပြီး သူမ ရောက်ရှိသောအခါ Chen Shengနှင့် Tao Taoတို့ စောင့်ဆိုင်းသော နေရာတွင် ထိုင်နေကြသည်ကို တွေ့လိုက်သည်။
"Xiao Pei မင်း ရောက်လာပြီးကိုး." Pei Ying ရောက်လာသည်ကို တွေ့သောအခါ Chen Shengသည် သူမကို နှုတ်ဆက်ရန် လျှောက်လာလိုက်သည်။ "လူရွေးပွဲက နောက်မိနစ်၂၀ဆို စပြီး. ဒီနေ့မှာ လူရွေးပွဲမှာ ပါမဲ့ မင်းသမီး ၅ယောက်ရှိတယ် ပြီးတော့ Li Sisiလဲ မကြာခင် ရောက်လာတော့မယ်."
Pei Yingနှင့် Tao Taoတို့ နှစ်ဦးလုံးသည် Li Sisiနာမည် ကြားသည်နှင့် တည်ကြည်လာတော့သည်။ Li Sisiမှာ ဒီလူရွေးပွဲတွင် သူတို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သည်။
သူတို့နှစ်ဦး တိတ်ဆိတ်သွားသည်ကို တွေ့သောအခါ Chen Shengသည် သူတို့ကို နှစ်သိမ့်ရန် ကြိုးပမ်းလိုက်တော့သည်။ "အရမ်း စိတ်မလှုပ်ရှားနေပါနဲ့. Li Sisiက တော်တော် နာမည်ကြီးပေမဲ့ Yi Feiyueက နာမည်ကျော်မှုကို မကြည့်ဘူး. လူရွေးတဲ့အချိန်မှာ ကောင်းကောင်းသာ လုပ်ခဲ့."
မိန်းကလေးနှစ်ယောက်လုံးသည် တုံ့ပြန်သည့်အသံ ပေးလိုက်သည်။ မကြာခင်မှာပဲ ဝန်ထမ်းတစ်ဦးသည် သူတို့ကို လူရွေးပွဲစတင်တော့မည်ဖြစ်ကြောင်း သတိလာပေးလိုက်ပြီး သူတို့ကို နံပါတ် တစ်ယောက်တစ်ခုစီ ပေးလိုက်သည်။
Pei Yingမှာ နံပါတ်၄ဖြစ်ပြီး Tao Taoမှာ နံပါတ်၅ဖြစ်သည်။
လူရွေးပွဲကို အလွန်ကျယ်သော ရုံးခန်းထဲတွင် ပြုလုပ်ခဲ့သည်။ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် Dancing In the Beautiful Sunshine (DIBS)ရဲ့ မူရင်းစာရေးသူတို့နှင့်အတူ Universeမှ ထိပ်တန်းအလုပ်အမှုဆောင်တစ်ဦးတို့ အကဲဖြတ်ကြမည်ဖြစ်သည်။
KAMU SEDANG MEMBACA
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
RomansaUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...