Chapter 47

2.2K 246 3
                                    

Unicode Font

47. 

'မင်း အားလပ်ရက်ရတဲ့အချိန် ကိုယ်နဲ့ Cမြို့ကို လိုက်ခဲ့ပေး.'

ကန်တော့ပွဲအခမ်းအနားပြီးနောက် ရိုက်ကူးရေးအဖွဲ့သည် ရိုက်ကူးရန် ပြင်ဆင်တော့သည်။ Wu Yang ရဲကနေ အလုပ်ထွက်လိုက်ပြီးနောက် သူ အင်တာနက်ဘားတစ်ခု ဖွင့်ထားသောကြောင့် ရိုက်ကူးရေးအဖွဲ့သည် အင်တာနက်ဘားရိုက်ကွင်းတစ်ခု ပြင်ဆင်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။

Pei Yingမှာ နာမည်ကြီးလှသော Enronအင်တာနက်ဘားကို ဝတ္ထုဖတ်ကတည်းက သဘောကျနေသည်။ ရိုက်ကွင်းမှာ အသေးစိတ်စွာ ပြင်ဆင်ထားပြီး စာအုပ်တွင် ဖော်ပြထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် ဓာတ်ပုံတစ်ပုံ လျှပ်တစ်ပြက် ရိုက်လိုက်ပြီး weiboပေါ် တင်လိုက်တော့သည်။

[Pei Ying] (Official)

Enronအင်တာနက်ဘား (မိုက်လိုက်တာနော်) [ဓာတ်ပုံ]

ပရိတ်သတ်များ သူမပိုစ့်ကို တွေ့ပြီးနောက် သူတို့သည် ထင်မြင်ချက်များ လာရေးသားကြတော့သည်။

"Pei Pei ဘားကိုပဲ ဓာတ်ပုံရိုက်ပြီး ဘာလုပ်ရမှာလဲ? ရုပ်ရှင်ဘုရင်ကြီးMoကိုလဲ ဓာတ်ပုံရိုက်သင့်တယ်လေ!"

"အာ အား အား Wu Yangရဲ့ သီးသန့်နေရာလေး! Pei Pei ဖွင့်ချလိုက်ပြီးပဲ!"

"ဆယ်ဖီမတင်တဲ့ သုံးစွဲသူတွေက အကုန်လုံး လူဆိုးတွေချည်းပဲ (ဘိုင့်)"

"Pei Pei ရုပ်ရှင်ဘုရင်ကြီးMoကိုရော တွေ့ပြီးပြီးလား?! သူ တကယ့်အပြင်မှာ ပိုကြည့်ကောင်းလား?!"

Pei Ying မှတ်ချက်များတစ်မျက်နှာတောင် ဖတ်မပြီးခင်မှာပဲ လက်ထောက်ဒါရိုက်တာသည် သူမကို ခေါ်လိုက်သည်၊ "Pei Ying သွားကြစို့!"

"အို့ ဟုတ်ကဲ့!" Pei Yingမှာ သူမပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ဗန်ကားထဲသို့ ဝင်ကာ ကျန်သော သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအဖွဲ့နောက်သို့ လိုက်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ရုပ်ရှင်၏ ပထမအပိုင်းတွင် မင်းသားနှင့် မင်းသမီးတို့ တွေ့ဆုံရသည့် အခန်းများ မရှိပါ၊ ဒါရိုက်တာသည် ရိုက်ကူးရေးအဖွဲ့ တစ်ဖွဲ့စီ ရိုက်ကူးနိုင်ရန်နှင့် အလုပ် ပိုပြီးတော့ ခရီးရောက်အောင် နှစ်ပိုင်းခွဲလိုက်သည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Où les histoires vivent. Découvrez maintenant