Chapter 14

3.3K 316 1
                                    

Unicode Font

14. သတင်းထောက် လိုက်ခြင်း ခံရခြင်း

'ဘာလို့ LSRR's Shi Jingက ဒီလောက်တောင် မြန်မြန် နာမည်ကြီးလာရတာလဲ?!'

မဂ္ဂဇင်းအယ်ဒီတာ၏ အတင်းပြောချင်စိတ်မှာ လွန်စွာ များနေသော်လည်း Song Nanchuan၏ လွှမ်းမိုးနိုင်စွမ်းရှိသော၊ ဒါရိုက်တာအငွေ့အသက်ကြောင့် သူမ၏ ဂနာမငြိမ်ဖြစ်နေသော ခြေလှမ်းများမှာ ရပ်တန့်သွားသည်။

လက်ထဲတွင် လပ်တော့ကိုင်ထားရင်း Pei Yingကို ပြုံးပြလိုက်ပြီး ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ ကျွန်မက Xiao Fengပါ. ပြီးတော့ ကျွန်မ ရှင့်ကို အင်တာဗျူးမှာပါ."

Pei Yingသည် ဖုန်းထဲမှ ဂိမ်းကို အလျင်အမြန်ထွက်လိုက်ပြီး ဆိုဖာပေါ်တွင် တည့်တည့်ထိုင်လိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်၊ "Ms Feng, မင်္ဂလာပါ."

"မင်္ဂလာပါ ကျွန်မကို Xiao Fengလို့ပဲ ခေါ်ပါ." Xiao Fengစကားသံများသည် ပုံမှန်ဖြစ်နေပြီး သူမ၏ Pei Yingအပေါ် သဘောထားမှာ ပိုပြီး တိုးတက်လာလေသည်။

သူမသည် Pei Yingနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး အကြည့်များမှာ Song Nanchuanထံတွင် ရှိနေသည်။ သူမ နှင့် သူ အကြည့်ချင်းဆုံမိသွားသောအခါ မြန်မြန်လှည့်လိုက်ပြီး စိတ်လှုပ်ရှားသွားကာ နေမထိထိုင်မသာ တစ်ချက် ရယ်လိုက်သည်။

Song Nanchuanသည် သူမကို ကြည့်ပြီးနောက် ရယ်မိသွားသည်။ "ကျွန်တော် မင်းတို့နှစ်ယောက် စကားပြောနေတာကို အနှောင့်အယှက်ပေးမိနေတာတော့ မဟုတ်ပါဘူးနော်?"

"မဟုတ်ရပါဘူး မဟုတ်ရပါဘူးရှင်!" Xiao Fengသည် သူမခေါင်း ခါလိုက်သည်။ အခုတောင် သူမပဲ သူတို့နှစ်ယောက်ကို အနှောင့်အယှက်ပေးနေတာလားဆိုတာ ပိုပြီး စိတ်ပူနေသေးသည်...

"ဒါဆို မင်းတို့ စလိုက်တော့လေ. ကျွန်တော် တိတ်တိတ်လေး နေမယ်လို့ ကတိပေးပါတယ်."

"ဟုတ် ဟုတ်ကဲ့ပါ." Xiao Fengထံမှ နောက်ထပ် စိတ်မသက်မသာဖြစ်နေတဲ့ ရယ်သံ ထွက်ပေါ်လာပြန်သည်။ ထို့နောက် သူမသည် Pei Yingကို ကြည့်လိုက်သည်၊ "ဒါဆို ကျွန်မတို့ စလိုက်တော့မလား?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora