Unicode Font
6. Chuan Chuan
ဒီလောကကြီးထဲမှာ အရေထူတဲ့ လူအများကြီးရှိတယ်။ နင် ကြိုက်တဲ့သူတွေ့ရင်? လှုပ်ရှားလိုက်တော့.
Pei Yingသည် သူ့ကို သူငယ်ချင်းအဖြစ်လုပ်ရန်တောင်းခံမှုကို ပို့လိုက်သည်။ Song Nanchuanကို addပြီးနောက် သူမသည် contactအသေးစိတ်ကို ကြည့်လိုက်လေသည်။
"ဒါ ရှင့်ရဲ့ ဖုန်းနံပါတ်လား?" သူမ မေးလိုက်သည်။
"အင်း," Song Nanchuanသည် ခေါင်းညိတ်လိုက်ပြီးနောက် သူလည်း သူမ၏contactအသေးစိတ်ကို ကြည့်လိုက်သည်။
Pei Yingသည် ဖုန်းမျက်နှာပြင်ကို မွှေနှောက်ကြည့်ပြီးနောက် သူမသည် ထိုနံပါတ်ကို ဆက်လိုက်လေသည်။
Song Nanchuan၏ဖုန်းသည် သူ၏ဘေးမှ မြည်လာသည်။
သူသည် ဖုန်းကို ကောက်ကိုင်လိုက်ကာ စိမ်းသက်နေသော နံပါတ်ကို ကြည့်လိုက်သည်။ Pei Yingသည် သူ၏ဖုန်းမျက်နှာပြင်ကို ဖျက်ခနဲကြည့်လိုက်ကာ ပြောလိုက်သည်။ "အဲ့ဒါ ကျွန်မ ခေါ်တာ."
Song Nanchuan၏နှုတ်ခမ်းလွှာများသည် အပြုံးအဖြစ်သို့ ကွေ့ဝိုက်ပြောင်းသွားပြီးနောက် သူသည် သူမကို သူ၏contactများထဲသို့ ထည့်လိုက်တော့သည်။
Pei Yingသည် သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ဒါက ဖုန်းနံပါတ်လဲတာပဲဆိုပေမဲ့ သူမအတွက်တော့ ကမ္ဘာမြေကြီး ပျက်စီးသွားတဲ့ကိစ္စအချို့ကဲ့သို့ ခံစားရသည်။
သူမသည် ဖုန်းကို ဘေးထားလိုက်ကာ Song Nanchuanကို ပြုံးပြလိုက်သည်။
Song Nanchuanသည် သူမကို ကြည့်သောအခါ သူ၏အမူအရာသည် ပိုပြီး နူးညံ့နေသယောင်ဖြစ်သွားသည်။
"မင်းမှာ အချိန်ရှိရင် နောက်တစ်ခါ ထမင်းတူတူသွားစားရအောင်."
Pei Yingသည် ပြင်းပြင်းထန်ထန်ခုန်နေသာ သူမနှလုံးသားကို ထိန်းချုပ်လိုက်ကာ ခိုင်မာစွာ တုံ့ပြန်လိုက်ကာ ပြောလိုက်သည်၊ "ဟုတ်ကဲ့."
သူတို့ သူမ၏နေရာသို့ ပြန်ရောက်သောအခါ အရင်တစ်ခေါက်အတိုင်း Song Nanchuanသည် သူမ နေထိုင်ရာအိမ်ရာသို့ လမ်းလျှောက်ပြန်သည်ကို စောင့်ကြည့်ပြီးနောက် ဒါရိုင်ဘာကို ထွက်ခွာရန် ပြောလိုက်တော့သည်။
ESTÁS LEYENDO
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
RomanceUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...