Unicode Font
50.
နာရီဝက် နားချိန်ပြီးနောက် ဒါရိုက်တာ၏ စိတ်သဘောထားတို့ တိုးတက်လာသည့်ပုံ ဖြစ်သွားသည်- Pei Yingသည် ရိုက်ကူးရေးတွင် Song Nanchuan၏ ကြီးကြပ်မှုက ကောင်းသော အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်ဟု ခံစားမိသည်။
ည သိပ်မမှောင်ခင် ဒါရိုက်တာသည် လူတိုင်းကို သိမ်းဆည်းကြရန် ပြောတော့သည်။ တစ်ချိန်တည်းမှာပဲ သူသည် ညအတွက် ညစာကျွေးမည့်အစီအစဥ် ရှိကြောင်း ပြောလိုက်သည်။
ဆိုစကားတစ်ခု ရှိသည်၊ ထိုမှာ လူများ ရှိနေသည့်နေရာတိုင်းတွင် အစားအသောက်များ ရှိသည် ဆိုတာဖြစ်သည်။ ထိုနေရာသည် ရိုက်ကူးရေးအဖွဲ့သားများ ဝင်လိုက်ထွက်လိုက် လုပ်လေ့ရှိသော နေရာဖြစ်သောကြောင့် အစားအသောက်လုပ်ငန်းများကလည်း ရွေ့ပြောင်းလာခဲ့ကြသည်။ သူတို့၏ ပထဝီဝင်အနေအထားအရ စျေးနှုန်းများကလည်း အတော်အတန် စျေးကြီးလှသည်။ ထို့ကြောင့် အများဆုံး ဒါရိုက်တာသည် လူတိုင်းကို အကင်တုတ်ထိုးများသာ ဝယ်ကျွေးလေ့ရှိသည်။ အခြားတစ်ဖက်မှာတော့ CEO Songက စားသောက်ဆိုင်ကိုတောင် ဘွတ်ကင်လုပ်ထားနိုင်သည်။
ဒါက အတော်လေးကို လက်ဖွာလွန်းတာပဲ။
နေ့လယ်စာဘူးချည်းပဲ စားနေရသော ရိုက်ကူးရေးအဖွဲ့သားများသည် အစားအသောက် ကောင်းကောင်းစားရမဲ့ အခွင့်အရေးက ရခဲလှသောကြောင့် သူတို့မျက်နှာများသည် စိတ်လှုပ်ရှားနေမှုကြောင့် တောက်ပနေကြသည်။ Pei Yingသည် ကုမ္ပဏီဗန်ကားကို မစီးဘဲ ထိုအစား Song Nanchuanနှင့်အတူ သူ့ Maybachကားနှင့် စီးလာခဲ့သည်။ ဧကရာဇ်Moကလည်း သူ့၏ ချစ်လှစွာသောBentleyကားလေးထဲသို့ သူ့ဇနီးလေးကို ဆွဲခေါ်လာခဲ့သည်။
ထိုကို ကြည့်နေစရာတောင် မလိုဘဲ ဒါရိုက်တာသည် သူ့ရင်ထဲ ဓားနှစ်ချောင်း ဆက်တိုက်နစ်ဝင်သွားသလို ဖြစ်သွားသည်။ သူ့နှလုံးသား နာကျင်လွန်းသောကြောင့် သူ အသက်ရှူရခက်မလိုတောင် ဖြစ်သွားသည်။
လက်ထောက်ဒါရိုက်တာသည် သူ့ပခုံးကို ဖွဖွပုတ်လိုက်သည်။ "ခင်ဗျား အိမ်ပြန်ရောက်ရင် ခင်ဗျားမိန်းမနဲ့ တည့်အောင် ကောင်းကောင်းလုပ်နော်."
YOU ARE READING
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
RomanceUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...