Chapter 52

2.1K 251 1
                                    

Unicode Font

52.

'စိတ်မပူပါနဲ့. ဘာကိစ္စပဲရှိရှိ ကိုယ် မင်းနဲ့ အတူရှိနေပါတယ်.'

Cမြို့သည် Aမြို့မှ သိပ်မကွာဝေးပါ၊ ကားဖြင့်သွားလျှင် နှစ်နာရီခန့်သာ ကြာမြင့်သည်။ Pei Yingသည် သွားနေသည့် တစ်လမ်းလုံး အလွန့်အလွန် စိတ်လှုပ်ရှားနေသည်။ Song Nanchuanသည် သူမ စိုးရိမ်ပူပန်နေသည်ကို ကြည့်ရင်း လုံးဝ မပျော်ရွှင်နေပါ။ "မင်းကို ကြည့်တာနဲ့တင် ကိုယ်တောင် စိတ်လှုပ်ရှားလာပြီး."

Pei Yingအသံသည် အနည်းငယ် အက်ကွဲနေပြီး သူမ ပြောလိုက်သည်၊ "ကိုယ့်ရည်းစားရဲ့ မိဘတွေနဲ့ တွေ့ဆုံရမှာကို ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ. ရှင် ကျွန်မမိဘတွေနဲ့ တွေ့တဲ့အချိန်ကျရင် သိပ်ပြီးတော့လည်း စိတ်လှုပ်ရှားမှာ မဟုတ်ဘူး."

Song Nanchuan သူမမိဘတွေကို တွေ့ဆုံတဲ့အချိန်ကျရင် သူမကပဲ စိတ်အလှုပ်ရှားဆုံးသူတစ်ယောက် ဖြစ်ဦးမည်ထင်သည်။

သူမစကားများကို ကြားသောအခါ Song Nanchuan ရယ်မိသွားသည်။ "ကိုယ် မင်းမိဘတွေနဲ့ တွေ့ဆုံချင်နေပြီး."

Pei Ying "..."

တွေ့လား။ သူမ သူ့မိဘတွေနဲ့ တရားဝင် တွေ့ဆုံတော့မယ်ဆိုတော့ Song Nanchuanလည်း သူမမိဘတွေနဲ့ တွေ့ဆုံချင်နေပြီးဖြစ်သည်။

သူတို့ ခေတ္တ စကားပြောရင်း Pei Yingမှာ စိတ်သက်သာလာတော့သည်။ သို့သော် ကားက Songအိမ်တော်သို့ ရောက်သောအခါ သူမစိတ်လှုပ်ရှားနေမှုတို့ ပြန်ပေါ်လာပြီး အသက်ရှူရခက်လာတော့သည်။

Songအိမ်တော်သည် Aမြို့တွင် ရှိသော Song Nanchuanဗီလာထက်တောင် ပိုကြီးသေးသည်။ အရှေ့မျက်နှာစာမှ အလှစိုက်ထားသော သစ်ပင်ပန်းပင်တို့ကို သပ်သပ်ရပ်ရပ် တိညှိထားပြီး ရေတံခွန်အသေးလေးတောင် ရှိသည်။

Song Nanchuanသည် ဤအိမ်တွင် မနေတော့သည်မှာ အတော်လေး ကြာမြင့်ပြီးဖြစ်သည်။ သူ နိုင်ငံခြားတွင် ကျောင်းသွားတက်ခဲ့ပြီး ပြန်လာသည့်နောက်တွင်လည်း Aမြို့သို့ ထွက်သွားခဲ့သည်။ သို့သော် သူ့ဗီလာနှင့် နှိုင်းယှဥ်သော် Songအိမ်တော်သည် အလွန် အသက်ဝင်သော နေရာတစ်ခု ဖြစ်သည်။ သူ့မိဘအပြင် သူ့အစ်ကိုနှစ်ယောက်နှင့် သူ့မရီးလည်း နေထိုင်ပြီး အိမ်စေ ၇ယောက်၊ ၈ယောက်ခန့် နေထိုင်ကြသည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now