Unicode Font
39. Part 2
သူမလက်ထောက် Ren Shanshan၏ စတူဒီယိုဆီ မောင်းပို့နေသည့်အချိန်မှာပဲ မားမားPeiသည် Pei Yingကို ဖုန်းဆက်လာခဲ့ပြန်သည်။ Pei Yingသည် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်လိုက်ပြီး ဖုန်းကို ကိုင်လိုက်သည်၊ "အမေ ဘာဖြစ်လို့လဲ?"
"အဲ့တော့ ငါက ညည်းအမေမှန်း သိသေးတယ်ပေါ့? ညည်းက ငါ့ဖုန်းကို တစ်သက်လုံး မကိုင်တော့ဘူးလို့ ငါ ထင်နေတာ."
သူမလေသံမှာ အနည်းငယ် ခက်ထန်နေပေမဲ့ Pei Ying ဘာမှ မဖြစ်ပါ။ သူမသည် အေးအေးဆေးဆေး ပြန်တုံ့ပြန်လိုက်သည်၊ "သမီး အခု အလုပ်ပြီးသွားလို့ အမေ့ကို ဖုန်းဆက်တော့မလို့လေ. အမေ ဘာလိုအပ်လို့လဲ?"
"ညည်းမောင်လေးကို အိမ်မှာ သော့ခတ်ထားတယ်လို့ ငါ ကြားတယ်?"
"သမီး သူ့ကို လေ့ကျင့်ခန်းစာမေးပွဲအချို့ ပေးလုပ်ခိုင်းထားတာပါ. သူ ပြီးသွားတဲ့အချိန် သူ လျှောက်လည်လို့ ရတာပေါ့."
"သူ့ရဲ့ နွေရာသီပိတ်ရက် အခုမှ စတာလေ. ဘာလို့ သူ့ကို နည်းနည်းလောက် ပေးမနားလိုက်တာလဲ? သူ Aမြို့ကို အထူးသဖြင့် သွားလိုက်တာက ညည်းနဲ့ လျှောက်လည်ဖို့လေ စာလုပ်ဖို့ မဟုတ်ဘူး."
Pei Ying ပြန်ပြောလိုက်သည်၊ "သမီး အခုတလော အလုပ်များနေတယ် အဲ့တော့ သမီး သူနဲ့ အချိန်တိုင်း မနေနိုင်ဘူးလေ."
"ညည်း အလုပ်ကနေ ခဏ အနားယူလိုက်လို့ မရဘူးလား? ညည်းအလုပ်က ညည်းမောင်လေးက ပိုအရေးကြီးနေတာလား?"
Pei Yingသည် တိုးတိုးလေး ကျိတ်ရယ်လိုက်ပြီး ပြန်ချေပလိုက်သည်၊ "သမီး အလုပ်မလုပ်ရင် မောင်လေးရဲ့ နေထိုင်စရိတ်တွေ ဘယ်သူ ပေးမှာလဲ?"
မားမားPeiသည် ခေါင်းဟန့်လိုက်ပြီး ပြောလိုက်သည်၊ "Song Nanchuanရှိသေးတယ်မလား?"
"Pei Xiuranက အမေ့သားလေ သူ့သားမှ မဟုတ်တာ. ပြီးတော့ သူက ဘာလို့ အမေ့သားကို ကူကျွေးမွေးရမှာလဲ?"
"သမီးတို့နှစ်ယောက် လပ်ထက်ပြီးရင် Xiuranက သူ့ယောက်ဖ ဖြစ်လာမှာလေ..."
"ယောက်ဖနဲ့ သားက တူလို့လား?" နောက်ထပ် တုံ့ပြန်ချက်တောင် မစောင့်တော့ဘဲ Pei Yingသည် ဆက်ပြောလိုက်သည်၊ "ပြီးတော့ သမီး Pei Xiuranကို စာလုပ်ခိုင်းတာက သူ ကောင်းဖို့အတွက်လေ. သူ့အဆင့်တွေက ဘယ်လိုဖြစ်နေတယ်ဆိုတာ အမေတို့ မသိနေတာလဲ မဟုတ်ဘူး. သူ ဒီလိုသာ ဆက်သွားနေရင် ဘွဲ့တောင် ရပါ့မလားပဲ?"
ESTÁS LEYENDO
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
RomanceUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...