Merry Christmas to you all!! (ခရစ်စမတ်က မနက်ဖြန်ပေမဲ့ ကြိုတင် ပြောလိုက်တာ xD)🎅🎄❤️❤️
Unicode Font
42.
'(Xing Xinလောင်ရှီး၏ ကောက်ချက်)'
Song Nanchuanဆီက ကြားပြီးနောက် Pei Yingမှာ တိုးတိုးပြောလိုက်သည်၊ "တကယ်တော့ ကျွန်မ အဲ့ကားမတော်တဆမှုကို လှုံ့ဆော်သူနဲ့ ပတ်သက်တဲ့ အတွေးတစ်ခု ရှိတယ်. ကျွန်မတို့ ဒီမှာ မပြောကြရအောင်. ကျွန်မ အဝတ်လဲလိုက်ဦးမယ် ပြီးမှ ကားထဲမှာ ဆက်ပြောကြတာပေါ့."
ထိုအချိန်မှသာ Song Nanchuanသည် Pei Yingဝတ်ဆင်ထားသော ပန်းထိုးထားသော အနီရောင်ချီဖောင်ကို သတိထားမိသွားသည်။ ထိုသွယ်လျသော ခြေတံများက လူတစ်ယောက်၏ သွေးကိုတောင် လှုံ့ဆော်စေသည်။
"မင်း ဘာလို့ အဲ့တာ ဝတ်ထားရတာလဲ?" သူ မေးလိုက်ပြီး သူ့အကြည့်များ သူမခြေတံပေါ် ကျရောက်နေရင်း မျက်ခုံးများကို ပင့်တင်လိုက်သည်။
Pei Ying ပြောလိုက်သည်၊ "သူတို့က ကျွန်မတို့ကို လူရွေးပွဲအတွက် အဝတ်လဲခိုင်းလို့. ကျွန်မ အခုပဲ သွားလဲလိုက်မယ်."
"မလဲပါနဲ့. မင်းနဲ့ ကြည့်ကောင်းသားပဲ."
"..." Pei Ying သူ့ကိုတောင် ကြည့်စရာ မလိုတော့၊ အဘယ်ကြောင့်ဆိုသော် သူ နှာဘူးအတွေးတွေ ဝင်နေတာ သိနေ၍ ဖြစ်သည်။ သူမ အမြန် လှည့်ကာ ပြောလိုက်သည်၊ "ကျွန်မ သွားလဲလိုက်တော့မယ်."
Song Nanchuanသည် သူမ၏ ပုံရိပ် လျှောက်ထွက်သွားသည်ကို စောင့်ကြည့်လိုက်ပြီး သူမကို ချီဖောင်တစ်ထည် ချုပ်ခိုင်းရန် အပ်ချုပ်သမား လိုက်ရှာရတော့မည်ဟု စဥ်းစားလိုက်သည်။ အကွဲက ပိုများနေပြီး အပေါ်ပိုင်းကလည်း အနည်းငယ် ပိုဖော်ခိုင်းရမည်။
သူ တွေးနေရင်း စိတ်လှုပ်ရှားလာတော့သည်။
Pei Ying အဝတ်လဲပြီးသွားသောအခါ သူမသည် မိတ်ကပ်ကို ပြန်ပြင်လိုက်သည်။ ထို့နောက် သူမအိတ်နှင့် The Performer စာအုပ်ကို ယူကာ အပြင်သို့ ထွက်လာခဲ့သည်။
လူရွေးပွဲမှာ မပြီးဆုံးသေးပါ၊ Pei Ying လိုက်မေးကြည့်သောအခါ Xie Hanတစ်ယောက်တည်းသာ ကျန်တော့ကြောင်း သိသွားသည်။
STAI LEGGENDO
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
Storie d'amoreUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...