Chapter 33

2.9K 338 1
                                    


Unicode Font

33. 

'ကိုယ့်နှလုံးသားလဲ မင်းကို လွမ်းသလို ကိုယ့်ခန္ဓာကိုယ်ကလဲ မင်းကို လွမ်းနေတယ်.'

"Ying Ying ကိုယ် မင်းကို တကယ် လွမ်းနေတာ..." Song Nanchaunသည် Pei Yingနားထဲ တီးတိုး ပြောလိုက်သည်။ သူ၏ ဝင်လေထွက်လေနွေးနွေးတို့ သူမ အရေပြားကို ထိမိသွားသောအခါ Pei Yingသည် တုန်သွားလေသည်။

"Ying Ying..." Song Nanchuan သူမနာမည်ကို ခေါ်လိုက်သည်။ သူသည် သူမ ဆံပင်ကို အဝေးသို့ ပို့လိုက်ပြီး သူမလည်ပင်းကို ဖွဖွလေး နမ်းလိုက်သည်။ ထိုရုတ်တရက်ထိတွေ့မှုကြောင့် Pei Yingသည် ပင့်သက်ရှိုက်မိသွားသည်။ သူမ ခါးမှ Song Nanchuan၏ လက်တို့ တင်းကျပ်သွားပြီး သူ၏ အခြားလက်တစ်ဖက်မှာ ပခုံးမှတစ်ဆင့် ဝတ်စုံထဲသို့ လျိုဝင်လာလေသည်။

"အင်း..." သူမ ရင်ဘတ်တစ်လျှောက် သူ့လက်နွေးနွေးကို ခံစားမိသွားသောကြောင့် Pei Yingမှာ မသိလိုက်ဘဲ နောက်ထပ် ပင့်သက်ရှိုက်သွားပြန်သည်။ Song Nanchuan၏ နှုတ်ခမ်းများသည် သူမ လည်ပင်းမှ ပခုံးထိ ဆင်းသွားပြီး ခါးနားမှ သူ့လက်တို့လည်း သူမ ဝတ်စုံ၏ စကတ်အောက်သို့ လျှိုဆင်းသွားကာ သူ ပေါင်တို့ကို ညင်သာစွာ ပွတ်ကိုင်နေသည်။

နှုတ်ခမ်းမှ ထွက်တော့မလို ဖြစ်တော့မည့် ညည်းသံတို့ကို သူမသည် ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သူမသည် Song Nanchuanလက်မောင်းထဲမှ ထွက်လိုက်ပြီး သူမအနောက်မှ လူကို ပြင်းပြင်းထန်ထန် တွန်းလိုက်သည်။ သူမသည် သူ့ဘက် လှည့်ကာ ပြောလိုက်သည်၊ "CEO Song ကျေးဇူးပြုပြီး လေးစားမှု ထားပေးပါ. ကျွန်မတို့က လမ်းခွဲပြီးပြီးလေ."

Song Nanchuanသည် သူမ ဝတ်စုံကို ပြန်ပြင်နေသည်ကို ကြည့်လိုက်သည်၊ ထို့နောက် သူသည် သူ၏ ပါးလွှာသော နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ကိုယ် ဘယ်တုန်းက လမ်းခွဲမယ်လို့ သဘောတူလိုက်လို့လဲ?"

Pei Ying၏ ပါးမို့များ နီရဲလာလေသည်။ သူမသည် ခေါင်းပြန်လှည့်လိုက်ပြီး စကား တစ်ခွန်းမှ မဆိုဘဲ နံရံကိုသာ ကြည့်လိုက်သည်။

Song Nanchuanသည် သူမဆီ လျှောက်လာခဲ့ပြီး သူမကို သူ့လက်မောင်းထဲ ပွေ့ထားလိုက်ပြီး သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ Pei Yingသည် သူ၏ အစိတ်အပိုင်းတစ်ခု နှိုးကြွလာသည်ကို သေသေချာချာကို ခံစားနေသည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Opowieści tętniące życiem. Odkryj je teraz