Chapter 55

2.1K 242 1
                                    

Unicode Font

55.

'လေယာဥ် ပျက်ကျသည့် စကား'

Song Nanchuan၏ စိတ်သည် လေယာဥ်ကွင်းသို့ သွားသည့်လမ်းတစ်လျှောက်လုံး အေးစက်နေဆဲဖြစ်သည်။ သူတို့ လေယာဥ်ကွင်းသို့ ရောက်သောအခါ သူသည် သတင်း ဖတ်ရန် တက်ပလက်ကို ဆွဲထုတ်လိုက်သည်။

Pei Yingသည် သူ၏ အဆက်မပြတ်နေသော အေးတိအေးစက်နေသော အပြုအမူကြောင့် သူမသည် နှုတ်ခမ်းစူသွားသည်။ သူမလည်း weiboကြည့်ရန် ဖုန်းကို ဆွဲထုတ်လိုက်သည်။

Weiboတွင် သူတို့သတင်းများနှင့် ပေါက်ကွဲနေကြပြီးဖြစ်သည်။ ပရိတ်သတ်များနှင့် ပရိတ်သတ်မဟုတ်သော သူတို့သည် သူမ Songမိသားစုကို လည်ပတ်သွားသည့်အကြောင်းကို အကြိတ်အနယ် ဆွေးနွေးနေကြသည်။ Pei Yingသည် ပျင်းနေသောကြောင့် သူမသည် မှတ်ချက်များကို ဖတ်ခြင်းဖြင့် မွေ့လျော်နေသည်။ သူမ တစ်ဖက်မှ Song Nanchuanသည် ဖျက်ခနဲ စောင်းကြည့်လိုက်ပြီးနောက် သူလည်း သတင်းကို ဆက်လှန်လှောနေလိုက်သည်။

သိပ်မကြာခင် သူသည် သူ့ဒုတိယအစ်ကိုဆီက စာတစ်စောင် လက်ခံရရှိခဲ့သည်။ "တတိယလေး မင်း ဘာလို့ တစ်စက်မှ နှုတ်မဆက်ဘဲ ထွက်သွားရတာလဲ?"

Song Nanchuanသည် နိုးတီးပေါ်လာသည်ကို ပယ်ချလိုက်ပြီး သူနှင့် စကားမပြောလိုနေပါ။

ဒုတိယအစ်ကိုသည် စာတစ်စောင် ထပ်ပို့လာခဲ့သည်။ "ညက ဘာဖြစ်ခဲ့တယ်ဆိုတာ အဖေ့ဆီက ငါ ကြားခဲ့ပြီးပြီး. ကိစ္စတွေ ဒီလိုဖြစ်သွားမယ်ဆိုတာ ငါလဲ မထင်ထားခဲ့ဘူး. ငါ့ကို စိတ်မဆိုးသွားပါနဲ့ကွာ."

Song Nanchuan၏မျက်ခုံးများ မြင့်တက်သွားပြီး နောက်ဆုံးမှာတော့ သူ စာပြန်လာတော့သည်။ "ကိစ္စတွေ ဒီလိုဖြစ်လာမယ်ဆိုတာ မထင်ထားဘူး? ငါ ကြည့်သလောက်တော့ မင်း လုပ်နေတာတွေက တမင်သက်သက် လုပ်နေသလိုပဲ. ဒီတိုင်း မင်းမှာ မကောင်းတဲ့အကြံရှိတယ်လို့ပဲ ဝန်ခံလိုက်ပါကွာ."

[အစ်ကို(၂)] မကောင်းတဲ့အကြံ? ငါက မကောင်းတဲ့လူလိုပုံစံမျိုး မပြောစမ်းပါနဲ့.

[Song Nanchuan] မဟုတ်နေလို့လား? မိန်းကလေးတွေ အရက်မူးတာနဲ့ ပတ်သက်လာရင် မင်း ဘယ်တော့မှ အတွက်မမှားခဲ့ဘူးလေ.

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now