Unicode Font
34.
'မင်းအပေါ် ပိုက်ဆံဖြုန်းရတာကို ကြိုက်တယ်.'
Song Nanchuanနှင့် Pei Yingတို့ ပြန်တည့်သွားပြီး နောက်တစ်ရက်မှာပဲ weiboတွင် သူတို့စီးရီး၏ အပိုင်း (၅) ထွက်လာသည်။
"Pei Yingနဲ့ Song Nanchuanတို့ ပြန်တည့်သွားကြပြီး ထင်တယ်! CEO Songက ရေကန်ထဲက အလှလေးကို ကယ်တင်ခဲ့ပြီး ချစ်သူရည်းစားပါဝါတွေ ပေါက်ကွဲထွက်လာနေပြီး!"
နေရာတကာတွင် ရှိနေတတ်သော သတင်းထောက်များသည် Universeပါတီပွဲကို ဘယ်လိုနည်းနဲ့ ရောက်လာကြမှန်း မသေချာပေမဲ့ Song Nanchuan Pei Yingကို ကယ်ရန် ရေကန်ထဲ ဆင်းလိုက်သော ဓတ်ပုံများ ရှိသည်သာမက သူ သူ့ရဲ့ဂျက်ကပ်ကို Pei Yingအပေါ် ခြုံလိုက်ပြီး ထိုနေရာမှ သယ်သွားသည့် ဓာတ်ပုံများတောင် ရှိနေကြသည်။
ထိုစီးရီးကို လိုက်နေကြသည့် netizenများသည် ပေါက်ကွဲလာကြတော့သည်။
"ဘုရားရေ! အလှလေးက ရေထဲ ပြုတ်ကျသွားတယ်! Song Nanchuan မနေနိုင်ဘူး ဆိုတာ ငါ ပြောရဲတယ် (doge)"
"CEO Songက တော်တော်တွန့်တိုတာပဲ! ငါတို့ တစ်စက်ကလေးမှ မမြင်ရအောင် သူမကို ကောင်းကောင်းဖုံးထားတာပဲ (picks a nose)"
"မင်းသမီးလို အပွေ့အဖက်!! အိုမိုင်ဂေါ့ Song Nanchuanရဲ့ ချစ်သူရည်စားပါဝါက တအားကို မြင့်နေပါပြီးနော်!"
"ဒီအတိုင်းကြည့်ရင်တောင် Song Nanchuanရဲ့ အင်္ကျီနဲ့ နာရီက တအားကို စျေးကြီးမှာ သေချာတယ်. ပြီးတော့ သူက ရေထဲကို အဲ့အတိုင်း ခုန်ချသွားတယ် (smile) လေးစားပါတယ် ရှင်က တကယ့်ကို ယောကျာ်းကောင်းပဲ (smile)"
"ဒါဆို သူတို့ ပြန်တည့်သွားကြပြီးပေါ့ (ဘိုင့်) ပြတ်ပြီးဆိုတဲ့ ရန်ပွဲတွေက တကယ်တော့ အချစ်ရဲ့ လက္ခဏာတွေပါလား (ဘိုင့်)"
"အမှန်အတိုင်း ပြောရရင် အဲ့က အလှလေးက သဘာဝတရားကို ဖီဆန်လိုက်တာပါပဲ. ဖရဲသီးစားတဲ့ အုပ်စုက လူပါ." (မှတ်စု- ကိုယ်လဲ ဒီနား သူ ဘာကို ပြောချင်တာလဲဆိုတာ သိပ်နားမလည်ပါဘူး၊ ကိုယ် ထင်တာက PY ရေထဲကျသွားတော့ SNC ကယ်ပြီး သူတို့ ပြန်တည့်သွားတာကို ဒီတစ်ယောက် ကြည့်မရတာ ဒါမှမဟုတ် ပြောချင်လို့ လာပြောတာနဲ့ တူပါတယ်။)
ŞİMDİ OKUDUĞUN
[Completed] Just Blame Me for being Blind in the Beginning (MM Translation)
RomantizmUnicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသော ရှေးရိုးဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်သည်။ ချမ်းသာတဲ့ မျိုးရိုးဆက်ခံသူဖြစ်တဲ့ Song Nanchuanသည် ရည်မွန်...