ကျေးဇူးတင်လွှာ

2.6K 141 4
                                    

ဝတ္ထုလေး ဘာသာပြန်ပြီးတာ ကြာပြီးဆိုပေမဲ့ ကျေးဇူးတင်စကား ပြောဖို့ ကျန်နေသေးလို့ ပြန်လာခဲ့တာပါ။

အရင်ဆုံး ကိုယ်နဲ့အတူ အစကနေ လိုက်ပါစီးမြောပေးခဲ့ကြသော စာဖတ်သူများကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။ တကယ်တော့ ဒီဝတ္ထုလေးကို ကြိုက်လို့ရယ်၊ ငါ ဘာသာပြန်ထားတာ အမှတ်တရဖြစ်အောင်ဆိုလို့ wattpadမှာ တင်မယ်ဆိုလို့ရယ်နဲ့ စခဲ့တာပါ။ စတင်ခဲ့တာက ၂၀၂၁ ၁လပိုင်းကတည်းကပါ။ ဒါပေမဲ့ ကြားထဲမှာ နိုင်ငံရေးကြောင့်ရော၊ ကျန်းမာရေးအခြေအနေကြောင့်ရော ကြာသွားခဲ့တယ်။ အဲ့လို ကြာသွားခဲ့လည်း အဆုံးထိ လိုက်ပါဖတ်ရှုပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ပြီး reviewကြောင့်ပဲဖြစ်ဖြစ်၊ recommended storiesဆိုတဲ့ကြော်ငြာမှာ တွေ့ခဲ့လို့ပဲဖြစ်ဖြစ်၊ အခြားသူများရဲ့ reading listကြောင့်ပဲဖြစ်ဖြစ် တွေ့လို့ ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်နော်။ 

ကိုယ် လိုတာရှိရင်လဲ ထောက်ပြပေး၊ ဝေဖန်ပေးကြပါလို့။ နောက်ပြီး updateတာ နှေးတယ်ဆိုပေမဲ့ ကိုယ့်ရဲ့နောက်ဝတ္ထုဖြစ်တဲ့ Jiaochenကိုလဲ ဖတ်ပေးကြဦးနော်။ အဲ့ဒါလဲ Pei Yingတို့နဲ့ ဆန့်ကျင်ဘက်ဆိုပေမဲ့ ခွေးစာတွေ တအားစားရဦးမှာပါ။ နောက်ပြီး FLရဲ့ MLကို လိုက်နည်းအဖြာဖြာ၊ ခြွေအောင် လုပ်နည်းအဖြာဖြာကိုလည်း တွေ့မြင်ရဦးမှာပါ။ ဖတ်ရင်းနဲ့ FLကို တအား သဘောကျမှာပါ။ 

ကဲ ဒါဆိုရင် ကိုယ့်ရဲ့စာကို ဒီမှာပဲ အဆုံးသတ်လိုက်ပြီး။ နောက်ဝတ္ထုမှာ ထပ်တွေ့ကြမယ်။

၂၉.၇.၂၀၂၂

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora