Chapter 13

3.4K 386 0
                                    

Unicode Font

13.  Idol

'ဒီငယ်ရွယ်တဲ့ ကောင်လေးက လက် ဒီလောက်တောင် မြန်တယ် သူ singleပဲ ဖြစ်ရမယ်!'

Ren Shanshan၏ စတူဒီယိုမှ ထွက်ခွာပြီးနောက် Pei Yingသည် သူမ မောင်လေးကို ပိုက်ဆံအချို့ လွှဲပေးရန် ဘဏ်သို့ သွားလိုက်သည်။ ထို့နောက် အငှားကား ငှားပြီး အိမ်ပြန်လာခဲ့သည်။

Pei Yingကို အံ့အားသင့်စေသောအရာမှာ ထိုအငှားကားမောင်းသူက သူမကို Shi Jingအဖြစ် သိနေပေမဲ့လည်း သူမကို မှတ်မိနေမှုကြောင့် ဖြစ်သည်။ သို့သော် Pei Yingမှာတော့ တော်တော်လေး ပျော်နေပြီးဖြစ်သည်။ ဒါက သူမ အမှတ်မိခံရတဲ့ ပထမဦးဆုံးအချိန်လည်း ဖြစ်သည်။ ခံစားချက်က တော်တော် ဆန်းသစ်တာပဲ။

အိမ်ပြန်ရောက်သောအခါ သူမသည် ကွန်ပျူတာ ဖွင့်ပြီး Weiboထဲ ဝင်ကြည့်တော့သည်။ Shi Jing၏ ကျော်ကြားမှုမှာ ဆက်လက် တိုးနေဆဲဖြစ်သည်။ သူမသည် ပရိတ်သတ်အသစ်များကို နှုတ်ဆက်စကား ဆိုပြီး သူတို့၏ စိတ်အားထက်သန်မှုကို ပြန်အသိအမှတ်ပြုသင့်သည်ဟု တွေးလိုက်သည်။

"အင်း..." အချိန်ကြာမြှင့်စွာ စဥ်းစားပြီးနောက် Pei Yingသည် selfie တင်တာက ပိုပြီး အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။

အားလုံးပဲ မင်္ဂလာပါ ဒါက Pei Yingပါ #LSRR Shi Jing# ကျွန်မကို followလုပ်ပေးကြလို့ ကျေးဇူးတင်ပါတယ်နော်. အခုချိန်ကစပြီး အလုပ် ပိုကြိုးစားသွားပါ့မယ်^_^

(ဓာတ်ပုံ)

သူမ ထိုအရာကို တင်လိုက်ပြီးနောက် ပရိတ်သတ်များသည် messageများ စတင် ရေးကြတော့သည်။ အချို့ကို ဖတ်ပြီးနောက် သူမ ဖုန်းမှ messageတစ်ခု ရောက်လာကြောင်း အသံမြည်လာသည်။

ဖုန်းကို ကောက်ယူလိုက်ပြီး notification barမှ messageအသစ်တစ်ခု ရှိနေသည်ကို တွေ့လိုက်သည်။

[Xie Han] (ဓာတ်ပုံ)

Pei Yingမျက်လုံးများ ကျုံ့သွားသည်။ Xie Han ဘာလို့ သူမကို ဆက်သွယ်လာရတာလဲ?

သူမသည် ဖုန်းကို လော့ဖြည်လိုက်ကာ Xie Han သူမကို ပို့လာခဲ့သော ဓာတ်ပုံကို ကြည့်ရန် Weixin messangerကို ဖွင့်လိုက်သည်။

[Tao Tao] သူမ သရုပ်ဆောင်တာ ငါ့ထက် ကောင်းတယ်လို့ လူတွေ ပြောကြတာကို ငါ တကယ် မယုံနိုင်ဘူး. အာ... ခြေထောက် လှရုံနဲ့ပဲ သူတို့ သရုပ်ဆောင်စွမ်းရည်ကို ဆုံးဖြတ်လိုက်ကြတာလား? (smile) တကယ်လို့ သူမသာ သရုပ်ဆောင်တော်နေရင် ဒီနှစ်တွေမှာ အဆင့်(၁၈)ရှိတဲ့ မင်းသမီးပဲ ဖြစ်နေမှာ မဟုတ်ဘူးလေ (smile)

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Tempat cerita menjadi hidup. Temukan sekarang