Chapter 61

4.3K 280 2
                                    

Unicode Font

61. 

'ကြည့်ရတာ မင်းအမြင်တွေက ကျန်တဲ့ဘဝတစ်လျှောက်လုံး ဒီလိုပဲ ဖြစ်သွားမယ်ထင်ပါရဲ့'

သူတို့ အိမ်ကနေ ထွက်သွားပြီးဆိုတာတောင်မှ Pei Yingသည် Song Nanchuan၏လုပ်ဆောင်ချက်တွင် နစ်ဝင်နေတုန်းဖြစ်သည်။ "ရှင် အတော်လေး အံ့သြဖို့ကောင်းတာပဲ. ကျွန်မ အရင်တုန်းက ဘယ်လိုပဲ ပြောပြော ကျွန်မမောင်လေး ဘယ်တော့မှ စိတ်ထဲမထားနေဘူး. အခု ရှင့်ဆီက စကားလေးနည်းနည်းနဲ့တင် သူ့ရဲ့စိတ်ဓာတ်တွေ လုံးဝ နှိုးထလာတယ်."

Song Nanchuanသည် အရေးမစိုက်ဘဲ ပြန်တုံ့ပြန်လိုက်သည်၊ "မင်းမောင်လေးအပေါ်မှာ စကားလုံးကြမ်းကြမ်းမှ မသုံးတဲ့ဟာ. ဒီလိုမျိုး သေသေချာချာ မသင်ဖူးတဲ့ သူ့လို လူမျိုးက ဒီလိုနည်းနည်းလေး ပြောမှ သိလာမှာ."

Pei Yingသည် တစ်ခဏလောက် တိတ်ဆိတ်သွားပြီး သူမ ပြောလိုက်တော့သည်၊ "ဒါဆို အနာဂတ်မှာ ကျွန်မတို့ကလေးတွေကို ဒီလိုမျိုး သင်ဖို့ ရှင် လုပ်ထားတာလား?"

"ဘယ်ဟုတ်မလဲကွာ. ကိုယ့်ကလေးတွေကိုတော့ အလိုလိုက်မှာပေါ့."

"...ရှင် ဒီလို မျက်နှာနှစ်ခွ ရှိလို့ ရလား? သူတို့ကို ပျက်စီးစေတဲ့အထိ အလိုလိုက်မလို့လား?"

"ကိုယ် သူတို့ကို ပျက်စီးစေတဲ့အထိ အလိုလိုက်ခဲ့ရင်လဲ အဲ့အတိုင်း ဖြစ်ပါစေပေါ့ကွာ. ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် သူမ ဘဝတစ်လျှောက်လုံး ကျွေးမွေးနိုင်တာပဲဟာ." သူ့အမေ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ကောင်းဖြစ်မည်၊ သူသည် အခုကတည်းက သူတို့အနာဂတ်ကလေးကို သမီးတစ်ယောက်အဖြစ် စတင်တွေးနေပြီးဖြစ်သည်။ "ကားထဲ အရင်ဆုံး ဝင်ကြရအောင်. ဒီမှာ တော်တော် အေးနေပြီး."

သူသည် ကားတံခါးကို ဖွင့်လိုက်ပြီး Pei Yingသည် သူမဆံပင်များကို သေသေသပ်သပ်ပြန်ပြင်လိုက်ပြီး အထဲသို့ ဝင်သွားလိုက်သည်။ Song Nanchuanသည် ဒါရိုင်ဘာကို ဟိုတယ်တွင် အခန်း ယူခိုင်းထားပြီးဖြစ်သောကြောင့် သူတို့ နေထိုင်မည့်ဟိုတယ်သို့ မောင်းသွားတော့သည်။

ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများသည် နှေးကွေးစွာ မှေးမှိန်သွားသည်။ လမ်းနှစ်ဖက်လုံးရှိ သစ်ပင်များကို နှင်းတို့က ဖုံးလွှမ်းထားနေသည်။ Pei Yingသည် အပြင်ကို အချိန်တစ်ခဏလောက် ကြည့်လိုက်ပြီး သူမ Song Nanchuanဘက်သို့ လှည့်ကာ မေးလိုက်သည်၊ "အို ဟုတ်သား. ရှင် ဘာလို့ ကျွန်မနာမည်အောက်မှာ ရှင့်ပိုင်ဆိုင်မှုတွေ ထားထားတာလဲ?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Où les histoires vivent. Découvrez maintenant