Side Story 4

4.5K 259 4
                                    

Unicode Font

'(ဒါရိုင်ဘာဟောင်းနှစ်ယောက်)' [T/N ဒါရိုင်ဘာဟောင်းဆိုတာက အင်တာနက်ဗန်းစကားတစ်ခုပါ၊ လိင်ကိစ္စမှာ အတွေ့အကြုံများတဲ့ သူကို ပြောတာပါ။]

Song Muyangနှင့် Ren Shanshanတို့နှစ်ဦး၏ တွေ့ဆုံမှုသည် Song Nanchuanမင်္ဂလာဆောင်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

မိုးကောင်းကင်သည် ပြာလဲ့နေပြီး နေခင်းဖြစ်သောကြောင့် လေထုကလည်း ကြည်လင်နေသည်။ အချစ်ဇာတ်ခင်းရန် အဆင်ပြေဆုံးဖြစ်သော နေ့တစ်နေ့လည်း ဖြစ်သည်။

လူပျိုရံနှင့် အပျိုရံတို့လည်း မင်္ဂလာဆောင်ရီဟာဆယ်တွင် ရှိနေရမည်ဖြစ်သောကြောင့် Song Muyangနှင့် Ren Shanshanတို့တွင် တစ်ယောက်အကြောင်းတစ်ယောက် သိရမည့် အခွင့်အရေး ရှိလာခဲ့လေသည်။

မြင်မြင်ချင်းတည်းကိုက သူသည် Ren Shanshanက ကိုယ့်လမ်းကြောင်း ကိုယ်သိသော ဒါရိုင်ဘာဟောင်းတစ်ယောက်မှန်း သိခဲ့သည်။

သူ ဘယ်လိုသိလဲဆိုတာ မမေးနဲ့။ Ren Shanshanက ဖြူစင်ရိုးသားသော နတ်သမီးကဲ့သို့ ဝတ်စားဆင်ယင်ထားပေမဲ့ သူမဆီက ထွက်လာသော အနံ့ကိုတော့ ဖုံးကွယ်မထားနိုင်ပါ၊ ထိုအနံ့ကို အခြားသော ဒါရိုင်ဘာဟောင်းတစ်ယောက်ကသာ အနံ့ခံနိုင်သည်။

တစ်ချိန်တည်းမှာပဲ Ren Shanshanသည် CEOတစ်ယောက်နှင့် အိပ်ရန် ရည်ရွယ်ထားသည်။ Pei Yingက သူမကို Song Nanchuan၏ ဒုတိယအစ်ကိုအကြောင်း ပြောပြသောအခါ သူက ကောင်းသော ပစ်မှတ်တစ်ခုဟု သူမ ခံစားနေမိသည်။ ထို့အပြင် အခု တွေ့ဆုံရန် အခွင့်အရေး ရသောကြောင့် သူမ ဘယ်လိုလုပ် ထိုအခွင့်အရေးကို လက်လွတ်ခံရမှာလဲ။

သူမဒေါက်မြင့်ဖိနပ်က ရုတ်တရက် ချော်သွားပြီး Ren Shanshan ဟန်ချက်ပျက်သွားတော့သည်။ သူမဘေးတွင် ရပ်နေသော Song Muyangသည် သူမဘက် လှည့်လိုက်ပြီး သိုသိုသိပ်သိပ် မေးလိုက်သည်၊ "ဘာဖြစ်တာလဲ?"

Ren Shanshanသည် သူမနားထင်ကို ပွတ်ကိုင်လိုက်ပြီး အားမပါသလို ဆိုလိုက်သည်၊ "ကျွန်မ ဒီနေရာနဲ့ သိပ်နေသားမကျသေးလို့ဖြစ်မယ်. ကျွန်မ နေရတာ သိပ်အဆင်မပြေဘူး."

Song Muyangသည် အနည်းငယ် ကိုင်းချလိုက်ပြီး သူမနဖူးပေါ်က ဆံစများအပေါ် ညာလက်ကို တင်လိုက်သည်။ သူ မေးလိုက်သည်၊ "မင်း ဖျားနေတာလား?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now