Chapter 10

4K 388 1
                                    

Sorry for late!!

Unicode Font

10. ချိန်းတွေ့ခြင်း

'ကျွန်တော် မင်းကို မတွေ့ရတာ ရက်အနည်းငယ်လောက် ရှိပြီး၊ မင်း တော်တော် လှလာတာပဲ.'

Song Nanchuanသည် ဖျော့သောအရောင်ရှိသော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကားရှေ့တွင် မတ်တပ်ရပ်နေသည်။ သူ၏အနောက်က လမ်းမှာ ကားများနှင့် ရှုပ်ထွေးနေပြီး မက်မွန်ပန်းပွင့်များလည်း ရံဖန်ရံခါ လေထဲတွင် လွင့်မျောနေလေသည်။

ထိုပုံရိပ်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်သည်။ Pei Yingသည် ခဏလောက် စိုက်ကြည့်နေပြီးနောက် သူ့ဆီသို့ လမ်းလျှောက်သွားလေတော့သည်။

Song Nanchuanလည်း သူမကို ကြည့်နေလေသည်။ အနီရောင်များသာ ပါသော ဂါဝန်၊ ချွန်ထက်နေသော ဒေါက်မြင့်ဖိနပ်။ သူမ ခြေထောက်များမှာ ပို၍ သွယ်လျနေသယောင်ဖြစ်နေသည်။ သူမ၏ ခါးလောက်ရှိသော ဆံနွယ်များမှာလည်း ကျောထက်တွင် သွယ်ကျနေပြီး မင်အရောင်ရှိသော ရေကန်ကဲ့သို့ အသက်ရှူမှားလောက်အောင် ရင်သက်ရှုမောဖွယ်ကောင်းနေသည်။

သူသည် သူမကို ပြုံးပြလိုက်ကာ ခါးဖြောင့်ဖြောင့်ဆန့်လိုက်သည်။ "မင်္ဂလာနေ့လယ်ခင်းပါ."

"မင်္ဂလာနေ့လယ်ခင်းပါ." Pei Yingသည် အနည်းငယ်ရှက်ဟန်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။

Song Nanchuanသည် ပြုံးလိုက်ပြီးနောက် ကားတံခါးဖွင့်ရန် သူမကို ကူညီပေးလိုက်သည်။ သူမ အထဲသို့ ရောက်ပြီးသည်နှင့် သူသည် တံခါးပိတ်လိုက်ကာ အခြားတစ်ဘက်သို့ သွားကာ အထဲသို့ ဝင်လိုက်လေသည်။ နေ့လယ်ခင်းနေမင်းကြီး၏ အောက်တွင် ကားလေးသည် ဖြည်းဖြည်းအေးအေး ထွက်သွားလေသည်။ Song Nanchuanသည် Pei Yingကို ကြည့်ရန် ခေါင်းလှည့်လိုက်သောအခါ သူ၏နှုတ်ခမ်းတွင် အပြုံးဖြစ်ပေါ်လာသည်။ "ကျွန်တော် မင်းကို မတွေ့ရတာ ရက်အနည်းငယ်လောက် ရှိပြီး၊ မင်း တော်တော် လှလာတာပဲ."

Pei Ying၏ မျက်နှာမှာ အနည်းငယ် နီရဲလာလေသည်။ "ဒီနေ့ ကျွန်မရဲ့ အဝတ်အစားနဲ့ မိတ်ကပ်ကြောင့် ဖြစ်လိမ့်မှာပါ." ပြင်ဆင်လိုက်တာ တစ်နာရီကျော်သွားတာဆိုတော့ ဒါတွေက အလကားမဖြစ်ဘူးဆိုလို့ တော်သေးတယ်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Donde viven las historias. Descúbrelo ahora